သီချင်းတော်တော်များများကို ခိုးယူခဲ့တယ်လို့ မိုက်ကယ်ဂျက်ဆင်ကို ကွမ်စီဂျုန်း စွပ်စွဲ


ကွယ်လွန်ခဲ့ပြီဖြစ်တဲ့ ပြည်သူ့အချစ်တော် ပေါ့ပ်ဘုရင် မိုက်ကယ်ဂျက်ဆင်ဟာ သီချင်းတော်တော်များများကို ခိုးယူခဲ့တယ်လို့ တေးထုတ်လုပ်သူတစ်ဦးဖြစ်တဲ့ ကွမ်စီဂျုန်းက စွပ်စွဲလိုက်ပါတယ်။ ၄င်းဟာ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ
မိုက်ကယ်ဂျက်ဆင်အကြောင်း ဖြေကြားရင်း ပေါ့ပ်ဘုရင်ဟာ တစ်ချိန်တုန်းက လောဘကြီးသူတစ်ဦးဖြစ်ပြီး သီချင်းတော်တော်များများကို ခိုးယူခဲ့သူဖြစ်တယ်လို့ ပြောကြားခဲ့တာလည်းဖြစ်ပါတယ်။

ကွမ်စီဂျုန်းဟာ သူနဲ့ မီဒီယာတွေတွေ့ဆုံစဉ်မှာ သူနဲ့အတူ တွဲဖက်လုပ်ကိုင်ခဲ့ဖူးသူတွေအနက် မိုက်ကယ်ဂျက်ဆင်နဲ့ " The Beatles" တေးဂီတအဖွဲ့အကြောင်းကို အမြဲပြောဆိုလေ့ရှိပြီး နယူးယောက်ခ်မဂ္ဂဇင်းအတွက် ပြုလုပ်တဲ့ အင်တာဗျူးရှည်တစ်ခုမှာတော့ သူနဲ့လက်တွဲဖူးတဲ့ ပေါ့ပ်ဘုရင်ဟာ အလွန်ကျော်ကြားတဲ့ တေးသီချင်းတွေကို ခိုးယူခဲ့တာ ဖြစ်တယ်လို့ ဖွင့်ဟပြော
ကြားခဲ့တာလည်းဖြစ်ပါတယ်။ အဆိုပါအင်တာဗျူးမှာ အသက် ၈၅ နှစ်ရှိပြီ ဖြစ်တဲ့ ကွမ်စီဂျုန်းက " ကျွန်တော်ဒီအကြောင်းအရာကို လူသိရှင်ကြား ထုတ်ဖော်ပြောကြားရမှာကို မုန်းမိပါတယ်။ ဒါပေမယ့် မိုက်ကယ်ဂျက်ဆင်က ကျွန်တော်ပိုင်တဲ့ သီချင်းတော်တော်များများကို ခိုးယူခဲ့ပါတယ်။" လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဂျုန်းက မိုက်ကယ်ဂျက်ဆင်ကို ခိုးယူပါတယ်လို့ အဓိကပြောချင်တဲ့ သီချင်းကတော့ ပေါ့ပ်ဘုရင်ရဲ့ နာမည်ကျော်သီချင်းတစ်ပုဒ်ဖြစ်တဲ့ "Billie Jean" သီချင်းပဲဖြစ်ပါတယ်။ အဆိုပါသီချင်းဟာ မိုက်ကယ်ဂျက်ဆင်ရဲ့ ရောင်းအားအကောင်းဆုံး တေးအယ်လ်ဘမ်ထဲက တစ်ခုဖြစ်တဲ့ "Thriller" အယ်လ်ဘမ်မှာ ပါဝင်ခဲ့တဲ့ သီချင်းတစ်ပုဒ်လည်းဖြစ်ပါတယ်။

ကွမ်စီဂျုန်းကတော့ အဆိုပါသီချင်းဟာ ၁၉၈၂ ခုနှစ်မှာ ပေါ့ပ်ဘုရင် "Thriller" တေးအယ်လ်ဘမ်ကို မထုတ်လွှင့်မီအချိန်က အလွန်ကျော်ကြားခဲ့တဲ့ ဒစ်စကိုဘုရင်မ ဒွန်နာစန်းမားရဲ့ တေးသီချင်း "State Of Independence" ကို ကူးယူခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ "State Of Independence" ကိုလည်း ကွမ်စီဂျုန်းက ထုတ်လုပ်ထားတာဖြစ်ပြီး အဆိုပါသီချင်း ၂ ပုဒ်ကို ယှဉ်ပြီးနားထောင်ကြည့်ပါက
အလွန်တူနေတာကို တွေ့ရမှာဖြစ်တယ်လို့ ၄င်းက ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ဂျုန်းဟာ သူ့ဘ၀တစ်သက်တာမှာ တွေ့ကြုံခဲ့ရတဲ့ တေးဂီတအဖွဲ့တွေအနက် ဗြိတိန်တေးဂီတ အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ "The Beatles" အဖွဲ့ဟာ အဆိုးရွားဆုံး တေးသံရှင်တွေဖြစ်တယ်လို့လည်း ဝေဖန်ပြောကြားခဲ့ပါသေးတယ်။

The ladies News

 

Vote: 
No votes yet

Add new comment