ကျောင်းနေရွယ်ကလေးများ ယာဉ်အန္တရာယ် ပိုမိုကင်းရှင်းစေရန် Bosch နှင့် အနုပညာရှင်များ၊ ဒေသတွင်းလူမှုအဖွဲ့အစည်းများက #SafeRoadsSafeKids လှုပ်ရှားဆောင်ရွက်

 

ကမ္ဘာလုံးဆိုင်ရာ နည်းပညာနှင့် ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နေသည့် ထိပ်တန်း အဖွဲ့အစည်းတစ်ခုဖြစ်သော Bosch သည် မြန်မာနိုင်ငံတွင် လမ်းနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ချက်များအား စဉ်ဆက်မပြတ် လုပ်ဆောင်နေပြီး ကျောင်းနေရွယ်ကလေးများ ယာဉ်အန္တရာယ် ပိုမိုကင်းရှင်းစေရန်အတွက် Bosch နှင့် အနုပညာရှင်များက #SafeRoadsSafeKids အစီအစဉ်ကို ထပ်မံလှုပ်ရှား ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

#SafeRoadSafeKids လှုပ်ရှားဆောင်ရွက်မှုသည် မြန်မာနိုင်ငံတွင် Bosch ၏ လမ်းနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်မှု၏ ဒုတိယခြေလှမ်းတစ်ခုဖြစ်ပြီး ပဏာမ လုပ်ဆောင်ချက်ဖြစ်သည့် “Beauty Beneath” ကို ၂၀၁၇ ခုနှစ် ဇူလိုင်လတွင် ပြုလုပ်ခဲ့ပါတယ်။ ယခုလှုပ်ရှားဆောင်ရွက်မှုသည် မြန်မာနိုင်ငံတွင် အထူးသဖြင့် ယာဉ်မတော်တဆမှုနှင့် သေဆုံးမှုအမြင့်ဆုံးဖြစ်သည့် ရန်ကုန်မြို့တွင် လမ်းနှင့်ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးခြင်းနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်မှုမြင့်မားလာစေရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါပွဲတွင် အနုပညာဖြင့် ပုံဖော်လှုပ်ရှားမှုများလည်း ပါဝင်ပြီး လူငယ်အနုပညာရှင် အာကာကျော်နှင့် ပူးပေါင်းဆောင်ရွက်၍ စမ်းချောင်းမြို့နယ်၊ အမှတ် (၂) အခြေခံပညာ
အထက်တန်းကျောင်းမှ မီတာ ၅၀ အကွာရှိ မဟာမြိုင်လမ်းမပေါ်တွင် အနုပညာဖန်တီးမှုတစ်ခုကို ပုံဖော်ခဲ့သည် ဟု သိရသည်။ အဆိုပါအနုပညာဖန်တီးမှုကို ထင်ထင်ရှားရှား၊ တောက်တောက်ပပ အရောင်များဖြင့် 3D ရုပ်လုံးကြွပုံစံများဖြင့် ဖန်တီးထားပြီး သတိပေးချက်စာသားများကို ယာဉ်မောင်းသူများအနေဖြင့် အလွယ်တကူဖတ်ရှုနိုင်စေရန်အတွက် အောက်မှအထက်သို့ ရေးသားထားကြောင်း သိရသည်။

“Bosch နဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံမှာ လမ်းနဲ့ယာဉ်အန္တရာယ် ကင်းရှင်းရေး အသိပညာပေးကို အနုပညာနဲ့ ပုံဖော်ဖန်တီးခွင့်ရတဲ့အတွက် ဂုဏ်ယူပါတယ်။ ဒီလိုရှုပ်ယှက်ခက်နေတဲ့မြို့ကြီးမှာ ကလေးတိုင်းက ကျောင်းကို အန္တရာယ်ကင်းကင်း ရောက်ဖို့လိုပါတယ်။ ဒီစီမံကိန်းက ယာဉ်မောင်းတွေအတွက် မောင်းနှင်နေချိန် မိမိနဲ့အတူ လူတိုင်းအန္တရာယ်ကင်းဖို့က ပထမဦးစားပေးဆိုတာကို သတိပေးနေမှာပါ” ဟု အာကာကျော်က ပြောကြားသည်။

Bosch သည် ၁၉၇၈ ခုနှစ်ကတည်းက ယာဉ်မတော်တဆဖြစ်မှု ကင်းရှင်းသော မောင်းနှင်မှု မျှော်မှန်းချက်ဖြင့် နည်းပညာဆိုင်ရာအဆင့်မြှင့်တင်မှုများကို လုပ်ဆောင်လျှက်ရှိပြီး ခရီးသည်တင်ကားများအတွက် ကမ္ဘာ့ပထမဆုံး လမ်းမချော်အောင် အရှိန်ထိန်းပေးသောစနစ်
(Antilock Braking System (ABS)) ကို စတင်တီထွင်ခဲ့ပြီး အရေးပေါ်ယာဉ် အရှိန်သတ်ရမည့် အခြေအနေမျိုးတွင် ကားဘီးများကို ချော်ထွက်မသွားစေရန် ကာကွယ်ပေးထားသည့် အဆိုပါစနစ်ကို ယခုအခါ တစ်ကမ္ဘာလုံးတွင် အသုံးပြုနေပြီဖြစ်ကြောင်း သိရသည်။

Bosch သည် မြန်မာနိုင်ငံတွင် Bosch ကားဝန်ဆောင်မှုအမှတ်တံဆိပ်၏ အသိအမှတ်ပြုလက်မှတ်ရ ကားပြင်ရုံများအပါအဝင် ယာဉ်၊ ကားဆိုင်ရာ ဆက်စပ်အပိုပစ္စည်းများနှင့် ဝန်ဆောင်မှုများပေးအပ်ကာ မြင့်မားသော ယာဉ်အန္တရာယ် စံချိန်စံနှုန်းများနှင့်အညီ နိုင်ငံတွင်းရှိ လမ်းများအန္တရာယ်ကင်းရှင်းစေရန် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း သိရှိရသည်။

The Ladies News

 

Vote: 
No votes yet

Add new comment