AirPod ဖြင့် သီချင်းနားထောင်နေစဉ် မီးခိုးငွေ့ထွက်ပေါ်လာပြီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာကြောင့် စုံစမ်းမှုတွေ စတင်ပြုလုပ်နေပြီဖြစ်တဲ့ Apple

 

ကမ္ဘာကျော် စမတ်ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Apple ကုမ္ပဏီဟာ ၄င်းတို့ရဲ့ ထုတ်ကုန်ပစ္စည်းတစ်မျိုးဖြစ်တဲ့ AirPod ပေါက်ကွဲခဲ့တဲ့ ပြသ၁နာကြောင့် စုံစမ်းစစ်ဆေးမှုတွေ စတင်ပြုလုပ်နေရပြီ ဖြစ်ပါတယ်။ ဖလော်ရီဒါနိုင်ငံသားတစ်ဦးဖြစ်သူ Jason Colon ဆိုသူဟာ
AirPod နဲ့ သီချင်းနားထောင်ကာ Gym ကစားနေရင်း အဆိုပါပစ္စည်းမှ မီးခိုးငွေ့များ ထွက်ပေါ်လာတာကြောင့်
နားထဲမှ ချက်ချင်းဖယ်ထုတ်ခဲ့ရပြီး အားကစားခုံတစ်ခုမှာ တင်ထားခဲ့ကာ အကူညီလိုက်လံရှာဖွေခဲ့ပါတယ်။ အကူအညီရရှိလို့ သူပြန်လည်ရောက်ရှိလာတဲ့အခါမှာတော့ မီးခိုးတွေ ဆက်လက်ထွက်ပေါ်နေခြင်းမရှိဘဲ ညာဘက် AirPod တစ်ခုဟာ ပေါက်ကွဲပျက်စီးနေခဲ့တာလည်းဖြစ်ပါတယ်။

အဆိုပါဖြစ်စဉ်ကို ကြားသိရခြင်းမှာပဲ ပြည်တွင်းသတင်းတစ်ခုက စုံစမ်းမေးမြန်းခဲ့ရာမှာတော့ Jason က "ကျွန်တော့်ဘ၀မှာ ဒါမျိုးတစ်ခါမှ မကြုံဖူးပါဘူး။ ကျွန်တော်အကူညီရလို့ ပြန်လာတဲ့အခါမှာ
ညာဘက် AirPod တစ်ခုက ပျက်စီးနေပါပြီ။ ဘယ်လိုပေါက်ကွဲသွားတာလဲဆိုတာတော့ ကျွန်တော် မမြင်လိုက်ပါဘူး။ ဒါပေမဲ့ အခုပုံစံကို ကြည့်မယ်ဆိုရင်တော့ မီးလောင်ပေါက်ကွဲထားတယ်ဆိုတာ အသိသာကြီးပါ။ ကျွန်တော် မီးခိုးစထွက်လာခြင်း ဖယ်ရှားမိခဲ့လို့ တော်ပါသေးတယ်ဗျာ.. ကျွန်တော် ဒီကိစ္စကို စောစောမသိရင် ကျွန်တော့်နားလေးတော့ မတွေးဝံ့စရာပါပဲ" လို့ ပြောကြားထားပါတယ်။

အခုဖြစ်စဉ်မှာ Jason အတွက် ကံကောင်းတာတစ်ခုက မီးခိုးငွေ့တွေထွက်နေတာကို သိသိချင်း နားထဲကနေ ဖြုတ်ပစ်ခဲ့တာပါပဲ။ တကယ်လို့ သူသာ မီးခိုးထွက်နေတာကို မိနစ်အနည်းငယ်ကြာမှ သိရှိခဲ့တယ်ဆိုရင်တော့ သူ့ရဲ့ ဘယ်ဘက်နားတစ်ခုလုံးဟာ ပေါက်ကွဲအားကြောင့် လုံးဝရစရာမရှိအောင် ပျက်ဆီးသွားခဲ့မှာပါ။
ကာယကံရှင်ဖြစ်သူ Jason ကတော့ အခုပြသ၁နာဟာ ဘထ္ထရီကြောင့် ဖြစ်ပေါ်ခဲ့တာလို့ သုံးသပ်ပြောကြားထားပြီး Apple အနေနဲ့လည်း သူ့လို အခြားဝယ်ယူသုံးစွဲသူတွေ မဖြစ်ပွားစေဖို့ အမြန်ဆုံး သတိပေးမှုမျိုးတွေ လုပ်ဆောင်သင့်တယ်လို့ အကြံပြုထားပါတယ်။

ယခုဖြစ်စဉ်နဲ့ပတ်သတ်ပြီး Apple ကို မေးမြန်းတဲ့အခါမှာတော့ Apple ရဲ့ တာဝန်ရှိပြောရေးဆိုခွင့်ရ အမျိုးသမီးတစ်ဦးက ဒီကိစ္စနဲ့ ပတ်သက်ပြီး ၄င်းတို့ ကုမ္ပဏီအနေနဲ့  အမြန်ဆုံး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမှာ ဖြစ်ပြီး ဖြစ်စဉ်ကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ Jason ကိုလည်း ခေါ်ယူမေးမြန်းမှုတွေ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။

The Ladies News

 

Vote: 
No votes yet

Add new comment