မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လာမယ့် ပွဲကျပ်ကာလကို ဖြတ်ကျော်ဖို့ အသင့်ရှိနေပြီလို့အန်တိုနီယို မာရှယ်ပြောကြား

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အားထားရတဲ့ တောင်ပံတိုက်စစ်မှူး အန်တိုနီယိုမာရှယ်က ယူနိုက်တက်အနေဖြင့် မကြာခင်ယှဉ်ပြိုင်ကစားရတော့မယ့်
ခက်ခဲကျပ်တည်းတဲ့ ပွဲစဉ်တွေကို အကောင်းဆုံး ကိုင်တွယ်ဖြေရှုင်းနိုင်တယ်လို့ ပြောကြားလိုက်ပါတယ်။ ယူနိုက်တက်အသင်းဟာ လာမယ့် အပတ်တွေမှာ ပွဲကျပ်ကာလကို ရင်ဆိုင်ရမှာ ဖြစ်ပြီး
ပရီးမီးယားလိဂ်အပြင် FA ဖလား နဲ့ ချန်ပီယံလိဂ် ပွဲစဉ်တွေကိုပါ ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။ နည်းပြကြီး ဟိုဆေး မော်ရင်ဟို ကိုင်တွယ်နေတဲ့ ယူနိုက်တက်အသင်းဟာ ယခုတစ်ပတ်မှာ နယူးကာဆယ်အသင်းကို
အဝေးကွင်းမှာ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပြီး ၄င်းနောက် အက်ဖ်အေဖလား ပွဲစဉ်အဖြစ် ဟက်ဒါဖီးလ်တောင်းအသင်းနဲ့ ဆက်လက်ယှဉ်ပြိုင်ရမှာဖြစ်ကာ ဆီဗီလာအသင်းနဲ့ လည်း ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်ကို
ယှဉ်ပြိုင်ကစားသွားရဖို့ ရှိနေတာလည်းဖြစ်ပါတယ်။

ယူနိုက်တက်ရဲ့ အားထားရတဲ့ တိုက်စစ်မှူး အန်တိုနီယိုမာရှယ်ကတော့ ၄င်းတို့အသင်းအနေနဲ့ တောင့်တင်းခိုင်မာတဲ့ လူအင်အားကို ပိုင်ဆိုင်ထားတာကြောင့် မကြာခင်မှာ ကြုံတွေ့ရတော့မယ့်
စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ အသင့်ဖြစ်နေပြီလို့ ဆိုထားပါတယ်။ မာရှယ်က " ပွဲတွေအများကြီး ရှိတာက ကျွန်တော်တို့ကို ကြိုးစားချင်စိတ် အမြဲတမ်းဖြစ်ပေါ်စေပြီး အဆင်သင့်ဖြစ်နေစေပါတယ်။ ဒီလိုပွဲတွေကို
ရင်ဆိုင်ဖို့အတွက်လည်း ကျွန်တော်တို့မှာ လုံလောက်တဲ့ လူအင်အားရှိနေပါတယ်။ ဒါကြောင့် ကျွန်တော်တို့အသင်းဟာ လာမယ့်ပွဲကျပ်ကာလကို ကောင်းကောင်းဖြတ်ကျော်သွားနိုင်မှာပါ" လို့ ပြောကြားထားပါတယ်။

တိုက်စစ်မှူး မာရှယ်ဟာ ပြီးခဲ့တဲ့ လက ကောင်းမွန်တဲ့ ခြေစွမ်းတွေကို ပြသနိုင်ခဲ့ပြီး အသင်းအတွက် အဖိုးတန်ဂိုး ၄ ဂိုး သွင်းယူပေးနိုင်ခဲ့ကာ ပြိုင်ဘက် မန်စီးတီးအသင်းနဲ့ အမှတ်ကွာဟမှုကို
လျှော့ချပေးနိုင်ခဲ့တာကြောင့် ယူနိုက်တက်အသင်းက ချီးမြှင့်တဲ့ ဇန်န၀ါရီ တစ်လတာ အကောင်းဆုံး ကစားသမားဆုကိုလည်း ပူပူနွေးနွေးရရှိထားသူလည်းဖြစ်ပါတယ်။

အဆိုပါ ဆုရရှိခဲ့ခြင်းနဲ့ ပတ်သက်ပြီးတော့လည်း
မာရှယ်က " ကျွန်တော် အခုအချိန်မှာ အကောင်းမွန်ဆုံး ကစားနိုင်တယ်လို့ ခံစားရပါတယ်။ ကျွန်တော်လေ့ကျင့်ရေးကွင်းမှာ အပြင်းအထန်လေ့ကျင့်လေ့ရှိပါတယ်။ ဒါကြောင့်လည်း ကျွန်တော်ရာသီအစတည်းက ပုံစံကောင်းတွေရနေတာလို့
လည်းထင်ပါတယ်။ ကျွန်တော်တို့ အသင်းဟာ အခုအချိန်မှာ ရလဒ်တွေကောင်းနေပြီး ဒီပုံစံအတိုင်း ဆက်လက်တိုက်ပွဲဝင်သွားဖို့ မျှော်လင့်ပါတယ်။ ပရိသတ်တွေ မဲပေးရွေးချယ်ခဲ့တဲ့ ဒီဆုကို ရရှိခဲ့တာဟာ ကျွန်တော့်အတွက်တော့
ဂုဏ်ယူစရာပါပဲ။ ဒါက ဒီရာသီအတွက် တတိယအကြိမ်မြောက်ထပ်မံရရှိခြင်းလည်းဖြစ်ပါတယ်။
ကျွန်တော်ဒီပုံစံအတိုင်း ဆက်လက်လုပ်ဆောင်သွားနိုင်ဖို့ မျှော်လင့်ထားပြီး အသင်းကိုလည်းအထောက်အပံ့ကောင်းတွေ ဆက်လက်ပေးနိုင်အောင်ကြိုစားသွားမှာပါ" လို့ ပြောကြားခဲ့ပါတယ်။

The Ladies News

 

Vote: 
No votes yet

Add new comment