ဆန်းချက်စ်အပြောင်းအရွှေ့ ကြန့်ကြာနေရခြင်းနဲ့ ပတ်သက်ပြီး မော်ရင်ဟိုပြောကြား

ယူနိုက်တက်အသင်းကြီးရဲ့ နည်းပြကြီးမော်ရင်ဟိုဟာ အာဆင်နယ် အသင်းရဲ့ တိုက်စစ်မှူး ဆန်းချက်စ်ကို ခေါ်ယူဖို့ ကွင်းလယ်ကစားသမား ဖြစ်တဲ့ မစ်ခီတာယန်ကို အလိုက်ပေးကမ်းလှမ်းထားပြီး မကြာသေးမီ ကလည်း ၄င်းတို့ နှစ်ဦးနှစ်ဖက်လုံး သက်ဆိုင်ရာ သဘောတူညီမှု အသီးသီးရရှိပြီးပြီလို့ သတင်းတွေမှာ ဖော်ပြထားသော်လည်း ယခုအချိန်အထိ တရားဝင် အသင်းပြောင်းရွှေ့နိုင်ခြင်း မရှိသေးပါဘူး။ ၄င်းကစားသမား ၂ ဦးစလုံးဟာ လက်ရှိ အသင်းတွေမှာ လေ့ကျင့်ခန်း ကိုယ်စီ ၀င်ရောက်ဆင်းခဲ့ကြတယ်လို့ သိရပြီး ယနေ့ကစားမယ့် ပွဲအမီ သဘောတူစာချုပ် ချုပ်ဆိုနိုင်ခြင်း မရှိတာကြောင့် ဆန်းချက်စ်ဟာလည်း ဘန်လေအသင်းနဲ့ ယှဉ်ပြိုင်ကစားမယ့် ပွဲစဉ်ကို လွဲချော်ရဦးမှာ ဖြစ်ပြီး ၄င်းတို့အကြား တရားဝင်အသင်းပြောင်းရွှေ့မှု သဘောတူညီမှု စာချုပ်ဟာလည်း တနင်္လာနေ့လောက်မှ ဖြစ်လာနိုင်ခြေ ရှိတယ်လို့ သိရပါတယ်။
 
အပြောင်းအရွှေ့ကိစ္စနဲ့ ပတ်သက်လို့ မော်ရင်ဟိုက "လက်ရှိမှာ တိုးတက်မှုတော့ မရှိသေးပါဘူး။ ဒါပေမယ့် အပြောင်းအရွှေ့နဲ့ ပတ်သက်လို့ ပရိသတ်တွေလည်း သိရှိနေကြပါပြီ။ အထူးသဖြင့် အာစင်ဝင်းဂါးကိုယ်တိုင်က အပြောင်းအရွှေ့နဲ့ ပတ်သက်လို့ ငြင်းစရာမရှိဘူးလို့ ပြောကြားထားတာပါ။ ကျွန်တော်ထပ်ပြီး တိုးတက်လာဦးမလား ဆိုတာတော့ တကယ်မသိသေးပါဘူး။ တချို့တွေက ထင်ကြတယ်ဗျ၊ ညှိနှိုင်းမှုတွေ လုပ်ဆောင်တဲ့ အခါမှာ မန်နေဂျာတွေ၊ နည်းပြတွေ အများကြီးနဲ့ လုပ်ဆောင်ရတယ်လို့ပေါ့။ တကယ်တော့ အသင်းရဲ့ သမိုင်းကြောင်း ကောင်းမွန်မှုတွေနဲ့ ကစားသမားနဲ့ ညှိနှိုင်းဆွေးနွေးဖို့ အရည်အချင်းပဲ လိုအပ်တာပါ။ လက်ရှိမှာတော့ ဆွေးနွေးမှုကိစ္စကို ခဏဘေးဖယ်ထားပြီး ကျွန်တော် ပွဲအတွက်ပဲ အာရုံစိုက်နေပါတယ်။ တကယ်လို့ သူနဲ့  တရားဝင်စာချုပ် ချုပ်နိုင်ပြီဆိုရင် မီဒီယာ စာနယ်ဇင်းတွေကို တရားဝင်အသိပေးသွားမှာပါ။ လက်ရှိမှာတော့ သူ့အကြောင်းတွေ ပြောပြဖို့ မဖြစ်နိုင်သေးပါဘူး။ အခုအချိန်အထိတော့ သူက အာဆင်နယ် ကစားသမားတစ်ဦးပါပဲ" လို့ ပြောကြားထားတယ်လို့ သိရပါတယ်။
 
The Ladies News
 

 

Vote: 
Average: 1 (1 vote)

Add new comment