အသင်းပြောင်းရွှေ့ဖို့ အတင်းအကျပ်တွန်းအားပေးခံခဲ့ရတာကြောင့် ငိုကြွေးခဲ့တဲ့ မစ်ခီတာယန်

မကြာခင် ယူနိုက်တက်အသင်းကနေ ထွက်ခွာရတော့မယ့် မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ကွင်းလယ်ကစားသမား မစ်ခီတာယန်ဟာ သောကြာနေ့ညက လေ့ကျင့်ရေးကွင်းကို သွားရောက်ခဲ့ပြီး အသင်းဖော်တွေကို နှုတ်ဆက်ရင်း ငိုကြွေးခဲ့တယ်လို့ မန်ယူအသင်းနဲ့ နီးစပ်သူ အမည်မဖော်လိုသူ တစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။
 
ယူနိုက်တက်ဟာ မစ်ခီကို အာဆင်နယ်အသင်း တိုက်စစ်မှူး ဆန်းချက်စ်ကို ခေါ်ယူရာမှာ အလိုက်ပေး ကမ်းလှမ်းခဲ့တာကြောင့် ၄င်းဟာ မကြာခင် အသင်းမှ ထွက်ခွာရတော့မှာ ဖြစ်ပါတယ်။ အဆိုပါကစားသမားဟာ အသင်းပြောင်းရွှေ့ဖို့ကို ဆန္ဒမရှိဘဲ အသင်းတွင် ဆက်လက်နေသွားချင်သော်လည်း ဆန်းချက်စ်ကို ခေါ်ယူရာမှာ အဓိက ကျနေတာကြောင့် မန်ယူအသင်း တာဝန်ရှိသူတွေရဲ့ အသင်းပြောင်းရွှေ့ဖို့အတွက် အတင်းအကျပ် တွန်းအားပေးမှုကို ခံခဲ့ရတာလည်းဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ဆန်းချက်စ်အပြောင်းအရွှေ့ကို အမြန်အပြီးသတ်လိုနေတယ်လို့ သိရပြီး အဆိုပါကစားသမားကို လုပ်ခလစာ အမြင့်ဆုံးပေးချေသွားမှာ ဖြစ်တယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားပါတယ်။
 
လေ့ကျင့်ရေးကွင်းမှာ ငိုကြွေးပုံနဲ့ပတ်သက်ပြီး "သူ့မျက်ဝန်းမှာ မျက်ရည်တွနဲ့ အပြည့်ပါပဲ။ သူဟာ အရည်အချင်းရှိတဲ့ ကစားသမားတစ်ဦး ဖြစ်ပါတယ်။ အခုလိုမျိုး အပြောင်းအရွှေ့ကိစ္စကို တွန်းအားပေးနေကြတော့ သူ့အတွက်ဝမ်းနည်းစရာ ဖြစ်နေမယ်ဆိုတာ ကျွန်တော် ကိုယ်ချင်းစာပါတယ်။ သူ့အနေနဲ့ အာဆင်နယ်ကွင်းမှာ ပိုပြီး ပုံမှန်ပွဲထွက်ခွင့်တွေ ရနိုင်ခြေများပါတယ်ဆိုတာ သူလည်း နားလည်မှာပါ" လို့ အသင်းနဲ့ နီးစပ်သူ အမည်မဖော်လိုသူတစ်ဦးက ပြောကြားထားပါတယ်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment