မောင်တောမြို့နယ်၌ လက်လုပ်မိုင်း တစ်လုံးတွေ့ရှိ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း၌ လက်လုပ်မိုင်းတစ်လုံး တွေ့ရှိရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
 
ဇန်နဝါရီလ ၁၉ ရက်နေ့ နေ့လယ် ၁ နာရီအချိန်ခန့်တွင် မောင်တောမြို့ နယ် အတွင်း ရတခလရ(၄၂)မှ တပ်မတော်သားများသည် နယ်မြေလှုပ်ရှား ဆောင်ရွက်စဉ် ပဒကားဒေဝါနာလီ (ဘင်္ဂါလီရွာပျက်) ခန့်မှန်း (DU-၃၀၈၄၁၀)၌ မိုင်းဟုယူဆရသည့် အထုပ် ၁ ထုပ် တွေ့ရှိကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ ဆာလာအိတ် အတွင်း ကျန်ကျောင်းအိတ်ဖြင့် ထုပ်ထားသော အလျား ၁၀ လက်မ၊ အရှည် ၅ လက်မခန့်ရှိ ပင်စတင် တုံးနှင့် အရှည် ၁ ပေခန့်ရှိ ဝါယာကြိုးတပ်ဆင်ထားသော လက်လုပ်မိုင်း ၁ လုံး အား တူးဖော် ထားသည်ကို တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
 
အဆိုပါ လက်လုပ်မိုင်းအား နယ်မြေလှုပ်ရှားဆောင်ရွက်သည့် တပ်မတော်သားများအဖွဲ့မှ သိမ်းဆည်းသွားကြောင်းဖြင့် သတင်းထုတ်ပြန်ထားသည်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment