သုံးစွဲရန်မသင့် အလှကုန်ပစ္စည်းများ ကြေညာ၊ တင်သွင်းဖြန့်ဖြူး ရောင်းချသူများကို အရေးယူမှုများ ဆောင်ရွက်မည်

သုံးစွဲရန်မသင့်သည့် အလှကုန်ပစ္စည်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကြေညာထားပြီး အဆိုပါ အလှကုန်ပစ္စည်းများကို တင်သွင်း ဖြန့်ဖြူးရောင်းချသည့် သူများကိုလည်း အရေးယူမှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
 
ကျန်းမာရေးအတွက် ဘေးအန္တရာယ် ဖြစ်စေနိုင်သော တားမြစ် ဓာတုပစ္စည်းများ Hydroquinone (+)နှင့် Mercury (+) ပါဝင်သည့်
- MEIYONG Seaweed Super Whitening Extra Whitening & Lift
- O- White Extra Set Cream Special Formula (Day Cream+ Night Cream) နှင့်
- Dr. YanHEE Skin Care Set (Green Color) တို့ကို သုံးစွဲခြင်းဖြင့် အဆိပ်သင့်ကာ အရေပြား ယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အဖြူအနီကွက်များဖြစ်ခြင်း၊ အရေပြားမှတစ်ဆင့် ခန္ဓာကိုယ် အတွင်းသို့ စုပ်ယူ၍ ထုံကျင်ခြင်း၊ ကြွက်သားတုန်ခါခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် စိတ်ကျ ရောဂါများအပြင် ရေရှည်သုံးစွဲပါက ကျောက်ကပ်ပျက်စီးခြင်းနှင့် အခြားရောဂါများ ဖြစ်ပွားနိုင်သည်။
 
ထို့ကြောင့် အဆိုပါ အလှကုန်ပစ္စည်းများကို ပြည်သူလူထုအနေဖြင့် သုံးစွဲရန်မသင့်တော်ကြောင်းနှင့် ထိုအလှကုန်များကို တင်သွင်း ဖြန့်ဖြူးပါက ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဥပဒေပုဒ်မ ၃၊ အပိုဒ်( ၃ )(ဃ)အရ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
 
The Ladies News

 

Vote: 
No votes yet

Add new comment