အသိဥာဏ် ကြွယ်ဝတဲ့ Aibo ခွေးစက်ရုပ်လေးတွေကို CES 2018 မှာပြသခဲ့တဲ့ Sony

Sony နည်းပညာ ကုမ္ပဏီဟာ ဂျပန်နိုင်ငံက ခွေးချစ်သူ ပရိသတ်များအတွက် ရည်ရွယ်ပြီး အသိဥာဏ်ကြွယ်ဝတဲ့ Aibo အမျိုးအစား ခွေးစက်ရုပ်လေးတွေကို ထုတ်လုပ်ထားပြီး ဖြစ်ပါတယ်။ မကြာသေးမီက ကျင်းပပြုလုပ်ခဲ့တဲ့ CES (Consumer Electronic Show) ပြပွဲကြီးမှာတော့ ၄င်းတို့ရဲ့ မျိုးဆက်သစ် Aibo ခွေးစက်ရုပ်လေးတွေဖြစ်တဲ့ Aibo ERS-100 အမျိုးအစား စက်ရုပ်လေးတွေကို ထပ်မံ မိတ်ဆက်ပြသလိုက်တာပဲ ဖြစ်ပါတယ်။ အဆိုပါ ခွေးစက်ရုပ်လေးတွေဟာ English ဘာသာစကားဖြင့် လက်ဆွဲနှုတ်ဆက်နိုင်ခြင်း၊ ထိုင်ခိုင်းစေခြင်း စတာတွေကို အမိန့်ပေး စေခိုင်းနိုင်တယ်လို့ သိရပါတယ်။
 
အဆိုပါ ခွေးစက်ရုပ်ရဲ့ မျက်လုံးကိုတော့ OLED Display ကို အသုံးပြုထားပြီး နှာခေါင်းတွင်းမှာတော့ လုံခြုံရေး ကင်မရာ တပ်ဆင်ပေးထားတယ်လို့ သိရပါတယ်။ ရိုက်ကူးထားတဲ့ ဗွီဒီယို များကိုတော့ My Aibo အပလီကေးရှင်းကို အသုံးပြုပြီး ပြန်လည် ကြည့်ရှုစစ်ဆေးနိုင်မှာ ဖြစ်ပါတယ်။ စက်ရုပ်လေးရဲ့ ၀မ်းဗိုက်ပိုင်းမှာတော့ အထိအတွေ့တွေကို ခံစားနိုင်တဲ့ Sensor တွေ တပ်ဆင်ထားပြီး အတွင်းပိုင်းမှာတော့ Quad Core Cpu အမျိုးအစား ပါဝင်ပါတယ်။ Built in LTE, Wifi ပါဝင်ပြီး ပုံမှန် ခွေးတစ်ကောင်လို လှုပ်ရှားမှု ၂၂ မျိုး ပြုလုပ်နိုင်ဖို့ အတွက်လည်း Gyroscope နဲ့ မော်တာတွေ ပါဝင်တယ်လို့ သိရပါတယ်။
 
အဆိုပါ Aibo ခွေးစက်ရုပ်မှာ စိတ်ဝင်စားစရာ အကောင်ဆုံး အချက်တစ်ချက်လည်း ရှိသေးတယ်လို့ Sony ရဲ့ ပြောရေးဆိုခွင့် တစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။ Aibo ERS- 1000 ခွေးစက်ရုပ်လေးတွေဟာ သူတို့ကို ပွတ်သပ်ဆော့ကစားပေးတဲ့ သူကို ပိုပြီးခင်တွယ်မှာ ဖြစ်တယ်လို့ သိရပါတယ်။ Sony နည်းပညာကုမ္ပဏီဟာ ခွေးစက်ရုပ်လေးတွေအတွက် လိုအပ်မယ့် Aibone လို့ခေါ်တဲ့ အရိုးကိုလည်း ထုတ်လုပ်ထားပြီး အမေရိကန်ဒေါ်လာ ၂၆၀ ၀န်းကျင်နဲ့ ရောင်းချသွားဦးမှာ ဖြစ်တယ်လို့ သိရပါတယ်။
 
Ref: CNN Teach
The Ladies News
 

 

Vote: 
No votes yet

Add new comment