1000 GB အထိ သိုလှောင်ထားနိုင်တဲ့ USB-C (Memory Stick) ကို SanDisk ထုတ်လုပ်

မိုဘိုင်းဖုန်း မမ်မိုရီကတ်တွေနဲ့ USB Stick တွေကို ထုတ်လုပ်လေ့ရှိတဲ့ နာမည်ကြီး အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ SanDisk ဟာ မကြာသေးမီက 1000 GB အထိ ဒေတာတွေကို သိုလှောင်ထားနိုင်တဲ့ USB Stick ကို ထုတ်လုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
 
အဆိုပါ Memory Stick ကို USB -C အမျိုးအစားဖြင့် ထုတ်လုပ် ထားတာဖြစ်ပြီး စမတ်ဖုန်းတွေနဲ့ တိုက်ရိုက် ချိတ်ဆက် အသုံးပြုနိုင်ဖို့ ရည်ရွယ်ထုတ်လုပ်ထားတာ ဖြစ်တယ်လို့လည်း သိရပါတယ်။ အဆိုပါ Memory Stick ဟာ ယခင်က မရှိခဲ့သေးတဲ့ ဒေတာပမာဏ 1000 GB အထိ သိုလှောင်ပေးနိုင်တာကြောင့် လက်ရှိအချိန်မှာ သိုလှောင်အား အများဆုံး USB - C အမျိုးအစား Memory Stick တစ်ခုအဖြစ် ရပ်တည်နိုင်တော့မှာ ဖြစ်ပါတယ်။
 
အဆိုပါ Memory Stick ကို မကြာမီ မိတ်ဆက်ပေးသွားမှာဖြစ်ပြီး ဈေးကွက်အတွင်း အမေရိကန်ဒေါ်လာ ၃၀၀ ၀န်းကျင်ဖြင့် ရောင်းချပေးသွားမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။
 
The Ladies News
 
 

 

Vote: 
No votes yet

Add new comment