၆၆(ခ)ဖြင့် အမှုဖွင့်ခံထားရမှုနှင့်ပတ်သက်ပြီး မိမိရေးသားချက်ကို အပြည့်အ၀ယုံကြည်ကြောင်း ပန်ဆယ်လိုပြောကြား

လူမှုကွန်ရက်စာမျက်နှာတွင် လူသိများသည့် ပန်ဆယ်လို အကောင့်ပိုင်ရှင် သည် ၆၆ (ဃ)ဖြင့် အမှုဖွင့်ခံထားရမှုကို ဖြေရှင်းရန် ဇန်န၀ါရီ ၁၃ ရက်က တာမွေမြို့နယ် ရဲစခန်းသို့ သွားရောက်၍ တစ်နာရီနီးပါးကြာ ကိုယ်တိုင်အစစ်ခံချက် own statement ပေးခဲ့ကြောင်း သိရသည်။
 
“လာပြီး အစစ်ခံတာမျိုးထက် ကျမ ဖြေရှင်းစရာရှိတာ လာပြီး ဖြေရှင်းတဲ့ သဘောပါ။ ကျမ ရေးသားချက်နဲ့ ပတ်သက်ပြီး အပြည့်အ၀ ယုံကြည်မှု ရှိပါတယ်”ဟု ပန်ဆယ်လိုက ပြောသည်။
 
ထောက်ကြန့် လမ်းဆုံအနီးရှိ လမင်းသာ (၂) စားသောက်ဆိုင်တွင် ရဟန်းတစ်ပါး အကြမ်းဖက်ခံရမှုနှင့် ပတ်သက်၍ ပန်ဆယ်လို အကောင့် စာမျက်နှာပေါ် ရေးသားမှုများကို စိစစ်အရေးယူပေးရန် လှိုင်သာယာမြို့ နယ်၊ ၂၂ ရပ်ကွက်တွင် နေထိုင်သော အသက် ၆၀ နှစ် ဦးမောင်မောင်တာ က တရားလိုပြုလုပ်၍ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အရေးယူပေးရန် ဒီဇင်ဘာလ ၁၂ ရက်က တိုင်ကြားခဲ့ခြင်းဖြစ်သည်။
 
“ဒီအမှုနဲ့ ပတ်သက်ပြီး သက်သေခံ အထောက်အထားတွေ၊ ကျမ ဘာကြောင့် ရေးရတယ်ဆိုတဲ့ သက်သေ အထောက်အထားတွေရယ်၊ ဒီပို့စ်ကို ရေးသားတဲ့အပေါ်မှာ ငြင်းဆိုခြင်းမရှိဘဲ ဒီပို့စ်ကို ကျမ ရေးသားတယ်၊ ဒီအတိုင်းပဲ။ အဲဒီအပေါ်မှာ တရားစွဲဆိုသင့်၊ မဆိုသင့် အဲဒါကိုတော့ တရားရုံးက ဆက်လက်ပြီး ဆောင်ရွက်သွားမှာပေါ့" ဟု ပန်ဆယ်လို ပြောသည်။
 
ထိုသို့ အမှုဖွင့် တိုင်ကြားခံရမှုနှင့် ပတ်သက်၍ ပန်ဆယ်လိုက ဒီဇင်ဘာလ ၁၂ ရက် ည ၁၀ နာရီခန့်တွင်သူမ၏ လူမှုကွန်ရက် စာမျက်နှာမှ Live လွှင့်ခဲ့ရာတွင် “ကျွန်မအနေနဲ့ ရင်ဆိုင်ဖို့ အဆင်သင့်ရှိပါတယ်၊ ကျွန်မ ရေးထားတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး ယုံကြည်မှု အပြည့်အဝ ရှိပါတယ်၊ ကျွန်မ ရေးတာနဲ့ပတ်သက်ပြီး ဖြေရှင်းသွားဖို့ အဆင်သင့်ရှိပါတယ်” စသည်ဖြင့် ပြောကြားခဲ့ဖူးသည်။
 
အဆိုပါ အမှုကို တာမွေမြို့ နယ်ရဲစခန်း၌ ပ (၁၀၂၃ /၂၀၁၇) ၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment