ကျောက်မိုင်းခွဲရန်အတွက် ယမ်းချက်စဉ် ပေါက်ကွဲမှုကြောင့် နှစ်ဦးသေဆုံး

သပိတ်ကျင်းမြို့နယ်၊ ရေထွက်ကျေးရွာအနီး ရွှေသတ္တုတူးဖော်ထုတ် လုပ်သော မွန်ကြည်ဖြူ ကုမ္ပဏီဝင်းအတွင်း ဇန်န၀ါရီ ၁၂ ရက် က ယမ်းပေါက်ကွဲမှုကြောင့် နှစ်ဦးသေဆုံးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီး ဌာနက သတင်းထုတ်ပြန်သည်။
 
မွန်ကြည်ဖြူကုမ္ပဏီ ၊ ကုမ္ပဏီလုပ်ကွက် အမှတ်(TPK-203)ဝင်းအနီး၌ ရောင်စဉ်နှင့် မင်းမော်တို့ ၂ ဦးအား လုပ်ကွက်တာဝန်ခံ ကိုတူးမှ ကျောက်မိုင်းခွဲရန် ချက်ယမ်း ၁ ပိဿာခန့်အား ပြန်လည် ချက်လုပ်ခိုင်း သဖြင့် ရောင်စဉ်ပါ ၂ ဦး ယမ်းချက်စဉ် မီးလောင် ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် ရောင်စင် ပါ၂ ဦးတွင် ဝမ်းဗိုက်ပွင့်၊ ဝဲ/ယာလက်ပြတ်၊ ယာခြေမီးလောင်၊ခန္ဓာကိုယ်အသားစများ လွင့်စင် သေဆုံးခဲ့သဖြင့် အလောင်းများအား သပိတ်ကျင်း ဆေးရုံသို့ ပို့အပ်ခဲ့ပြီး ယမ်းချက်ခိုင်းသူ ကိုတူး (ဖမ်းမမိ)အား သပိတ်ကျင်းမြို့မရဲစခန်း (ပ)၁၁/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၂၈၆/၃၀၄-က (ပေါက်ကွဲစေတတ်သော ဝတ္တုပစ္စည်းအား ပေါ့လျော့စွာ ကိုင်တွယ်အသုံးပြုမှု/ပေါ့လျော့မှုကြောင့် လူသေစေမှု)ဖြင့် အမှုဖွင့် စုံစမ်းလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
 
အဆိုပါ မွန်ကြည်ဖြူကုမ္ပဏီ သည် ၂၀၁၇ ဇန်နဝါရီလ ၂၈ နေ့မှ ၂၀၁၈ ဇွန် ၂၇ ရက်အထိ ကုမ္ပဏီသက်တမ်းရှိပြီး သက်တမ်းကာလအတွင်း ယမ်း ၈ တန်ခန့် သုံးစွဲခွင့်ရှိသော ကုမ္ပဏီဖြစ်ကြောင်း လည်း သတင်းထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment