လူမှုကွန်ရက်ပေါ်၌ မိန်းကလေးတစ်ဦး၏ ညစ်ညမ်းပုံများတင်၍ ခြိမ်းခြောက် ငွေတောင်းခံသူကို အမှုဖွင့်အရေးယူ

လူမှုကွန်ရက်ပေါ်၌ အမျိုးသမီးငယ်တစ်ဦး၏ ညစ်ညမ်းပုံများကိုတင်ကာ ငွေတောင်းခံသူကို အမှုဖွင့်အရေးယူ ထားကြောင့် ပြန်ကြားရေးဝန်ကြီး ဌာန၏ သတင်းဖော်ပြချက်အရ သိရသည်။
 
ဖြစ်စဉ်မှာ ကချင်ပြည်နယ် မိုးကောင်းမြို့၌ မိန်းကလေးတစ်ဦးအား ဖေ့စ်ဘွတ်လူမှု ကွန်ရက်ပေါ်၌ ညစ်ညမ်းပုံများတင်၍ ငွေကျပ် ၁ဝ သိန်း တောင်းခံမှုဖြစ်ပွားခဲ့၍ မိုးကောင်း မြို့မ ရဲစခန်း၌ အမှုဖွင့်အရေးယူ ထားခြင်း ဖြစ်သည်။
 
မိုးကောင်းမြို့နယ်၌ အမျိုးသမီး တစ်ဦးထံသို့ အမည်နှင့် နေရပ်လိပ်စာ မသိ အမျိုးသားတစ်ဦးက ဖုန်းဆက်၍ ဖေ့စ်ဘွတ်လူမှု ကွန်ရက်၌ ၄င်း၏ညစ်ညမ်းဓာတ်ပုံများ တင်ထားကြောင်း၊ ငွေကျပ် ၁ဝ သိန်းပေးပါက ပြန်ဖျက်ပေးမည် ဖြစ်ကြောင်း၊ ပိုက်ဆံမပေးပါက ဆက်လက်ပြီး ညစ်ညမ်းပုံများ တင်မည်ဖြစ်ကြောင်း ခြိမ်းခြောက်စာများပို့၍ ငွေတောင်းခံမှုကြောင့် ဇန်နဝါရီ ၁၁ ရက်က မိုးကောင်း မြို့မရဲစခန်းသို့ တိုင်တန်းခဲ့သဖြင့် အဆိုပါ ခြိမ်းခြောက် ငွေတောင်းသူအား အမှုဖွင့် အရေးယူထားကြောင်းဖြင့် သတင်းထုတ်ပြန်ထားသည်။
 
The Ladies News

 

Vote: 
Average: 1 (1 vote)

Add new comment