ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်းရှိ မျက်စိဝေဒနာရှင်များအား ခွဲစိတ်ကုသပေးမည်

သီတဂူအာရှတော်ဝင် မျက်စိအထူးကုသရေးအဖွဲ့သည် မောင်တောခရိုင်အတွင်းရှိ မျက်စိဝေဒနာရှင်များအတွက် ဇန်နဝါရီ ၂၃ ရက်မှ ၂၆ ရက်အထိ မောင်တောမြို့ ပြည်သူ့ဆေးရုံတွင် လာရောက် ကုသပေးမည် ဖြစ်ကြောင်း သိရသည်။
 
မျက်စိဝေဒနာရှင်များအတွက် ခွဲစိတ်ကိရိယာ အစုံအလင်ဖြင့် ကုသပေးသွားမည်ဖြစ်ပြီး မျက်စိ တိမ်စွဲခြင်း၊ မျက်စိခွဲစိတ်ခြင်း၊ မျက်မှန်ပြုလုပ်ပေးခြင်း စသည် တို့ကို ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း မောင်တောမြို့ ပြည်သူ့ ဆေးရုံအုပ်ကြီး ဒေါက်တာကျော်မောင်မောင်သိန်း က ပြောကြားသည်။
 
''မျက်စိကုသချင်တဲ့ လူနာတွေအနေနဲ့ အချိန်မီ စာရင်းပေးသွင်းဖို့လိုအပ်ပြီး အခုလို ကုသပေးမယ်ဆိုတာကို မောင်တော မြို့နယ်အတွင်းမှာလည်း ဗီနိုင်းကြော်ငြာတွေ ကပ်ပေးသွားမှာပါ၊ ဇန်နဝါရီ ၂၄ ရက်မှာ မျက်စိစမ်းသပ်ခွဲစိတ်မှုတွေ စတင် လုပ်ဆောင်ပါမယ်၊ မောင်တောမြို့နယ် ဝန်းကျင်က မျက်စိဝေဒနာရှင်တွေ လာရောက်ကုသမှုခံယူကြမှာပါ''ဟု ၄င်းကပြောသည်။
 
မောင်တောမြို့နယ်အတွင်းရှိ မျက်စိဝေဒနာရှင်များအတွက် လာရောက် ကုသပေးခြင်းသည် ပထမဆုံးအကြိမ် ဖြစ်ပြီး ကုသမှုခံယူလို သူများအနေဖြင့် မောင်တောမြို့ ပြည်သူ့ဆေးရုံကြီးတွင် လာရောက် စာရင်းပေးသွင်းနိုင်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment