အာဂျင်တီးနား ကြယ်ပွင့်တွေကို ပစ်မှတ်ထားနေတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ ဇန်န၀ါရီ ကစားသမား အပြောင်းအရွှေ့ကာလ အတွင်း အသင်းရဲ့ အားထားရတဲ့ ကစားသမား ဆန်းချက်စ်ရဲ့ နေရာမှာ အစားထိုးနိုင်ဖို့ အာဂျင်တီးနား ကြယ်ပွင့် လက်စတာစီးတီးအသင်းရဲ့ တောင်ပံကစားသမား ရိုင်ယဒ်မာရက်ဇ်ကို ပစ်မှတ်ထားနေတယ်လို့ ပြင်သစ်သတင်းဌာန တစ်ခုမှာ ဖော်ပြထားပါတယ်။
 
ဆန်းချက်စ်ဟာ ဇန်န၀ါရီ အပြောင်းအရွှေ့ကာလအတွင်း အသင်းမှ ပြောင်းရွှေ့လိုနေတာဖြစ်ပြီး ပေါင် ၃၅ သန်းဖြင့် ကမ်းလှမ်းလာပါက ပရီးမီးယားလိဂ်အသင်းကြီး တစ်သင်းဖြစ်တဲ့ မန်စီးတီးအသင်းကို ပြောင်းရွှေ့လိုနေတာလည်း ဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ မကြာသေးမီကလည်း အာဂျင်တီးနား တိုက်စစ်မှူး လူငယ်ကြယ်ပွင့် ကစားသမား ခရစ္စတီယန်ပေဘွန်ကို စာချုပ်လျော်ကြေး ပေါင် ၂၇ သန်းပေးချေပြီး ဘိုကာဂျူနီယာ အသင်းမှ ခေါ်ယူဖို့ ကြိုစားနေတယ်လို့ လည်း Daily Mail သတင်းစာ ဖော်ပြထားချက်အရ ထပ်မံသိရှိရပါတယ်။
 
အဆိုပါကစားသမားဟာ အသက် ၂၁ နှစ်အရွယ်သာရှိသေးပြီး အသင်းအတွက် ၅၁ ပွဲကစားထားကာ ၁၄ ဂိုးအထိ သွင်းယူထားနိုင်တယ်လို့လည်း သိရပါတယ်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment