နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် တရုတ်-မြန်မာ စစ်ရေးပူးပေါင်းလုပ်ဆောင်မှု ပိုမိုတိုးမြှင့် ဆောင်ရွက်သွားမည်

တရုတ်အနေဖြင့် နယ်စပ်ဒေသတစ်လျှောက် တည်ငြိမ်အေးချမ်းရေး ထိန်းသိမ်းနိုင်ရေးအတွက် မြန်မာနိုင်ငံနှင့် စစ်ရေး ပူးပေါင်း ဆောင်ရွက်မှု ခိုင်မာတောင့်တင်းစေရန် ဆန္ဒရှိကြောင်း တရုတ်နိုင်ငံ ကာကွယ်ရေး ၀န်ကြီး Chang Wanquan က သောကြာနေ့ (ဇန်န၀ါရီ ၁၂ ရက်)တွင် ပြောကြောင်း ဆင်ဟွာသတင်းဖော်ပြချက်အရ သိရသည်။
 
ကာကွယ်ရေးဦးစီးချူပ်(ရေ) ဗိုလ်ချူပ်ကြီး တင်အောင်ဆန်း နှင့် တရုတ်ကာကွယ်ရေးဝန်ကြီး တွေ့ဆုံစဉ်တွင် တရုတ်ကာကွယ်ရေး ၀န်ကြီး က မှတ်ချက်ပြုပြောဆိုသွားခြင်း ဖြစ်ကြောင်း သိရသည်။
 
တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ၏ အချူပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေးကို တရုတ်နိုင်ငံအနေဖြင့် လေးစား အသိအမှတ်ပြုကြောင်း နှင့် နိုင်ငံ၏ ကိုယ်ပိုင်အခြေအနေနှင့် ပတ်သက်ပြီး ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်နေမှုများကို ထောက်ခံကြောင်း ပြောသည်။
 
တဆက်တည်းမှာပဲ လက်ရှိ နှစ်နိုင်ငံ စစ်ဖက်နယ်ဖက် ဆက်ဆံရေးသည် အကောင်းဆုံး အခြေအနေတွင်ရှိနေပြီး တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံဘက်နှင့် ပိုမိုပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိကြောင်း၊ နယ်စပ်ဒေသဧရိယာများ တည်ငြိမ်အေးချမ်းရေး အတွက် ပူးပေါင်း ဆောင်ရွက်ရန် နှင့် တပ်မတော်နှစ်ခုအကြား ပိုမိုပူးပေါင်းဆောင်ရွက်ပြီး အတွေ့အကြုံများကို ပိုမိုဖယ်လှယ်သွားရန် ရှိကြောင်းကို တရုတ်ကာကွယ်ရေးဝန်ကြီး Chang ကပြောသည်။
 
မြန်မာ့တပ်မတော်ရေ ကာကွယ်ရေးဦးစီးချူပ် ဗိုလ်ချူပ်ကြီး တင်အောင်ဆန်းက မြန်မာတပ်မတော်အနေဖြင့် ပိုမိုပြီး လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်ကို ပိုမိုတိုးမြင့်သွားရန်နှင့် နှစ်နိုင်ငံအကြား ဆက်ဆံရေးကို ပိုမိုတိုးမြင့်သွားရန် ဆန္ဒရှိကြောင်း ပြန်လည်ပြောဆိုကြောင်း သတင်းတွင် ဖော်ပြထားသည်။
 
တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် ရေတပ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး Shen Jinlong ၏ ဖိတ်ကြားချက်အရ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီ ၁၁ ရက် ညပိုင်းက တရုတ် ပြည်သူ့သမ္မတနိုင်ငံသို့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ လေကြောင်း ခရီးဖြင့် ထွက်ခွာခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချူပ်ရုံး ဖေ့စ်ဘွတ်စာမျက်နှာတွင် ဖော်ပြထားချက်အရ သိရသည်။
 
Ref: ဆင်ဟွာ
ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချူပ်ရုံး
(ပုံစာ- ကာကွယ်ရေးဦးစီးချူပ်(ရေ)အား တရုတ်နိုင်ငံသို့ ထွက်ခွာရန် ဇန်န၀ါရီ ၁၁ ရက်ညပိုင်းက သံရုံးတာဝန်ရှိသူများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက လိုက်ပါပို့ဆောင်နှုတ်ဆက်နေစဉ်)
The Ladies News
 

 

Vote: 
No votes yet

Add new comment