ကောင်းမှုတော်ဘုရားကြီးအား လုံးတော်ပြည့် ထုံးသင်္ကန်းပြန်လည်ကပ်လှူရေး ဆောင်ရွက်မှုသည် နိုင်ငံရေးမပါ အများပြည်သူ ဆန္ဒအရသာဖြစ်ဟုဆို

စစ်ကိုင်းမြို့ ရာဇမဏိစူဠာ ကောင်းမှုတော်ဘုရားကြီးအား လုံးတော်ပြည့် ထုံးသင်္ကန်းပြန် လည်ကပ်လှူရေး ဆောင်ရွက်မှုသည် နိုင်ငံရေးမပါဘဲ အများပြည်သူများ၏ ဆန္ဒအရ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း မြို့မိမြို့ဖ အတွင်းရေးမှူး ဦးဇော်ဝင်း၏ ပြောကြားချက်ကို ကိုးကား၍ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
 
စစ်ကိုင်းမြို့မိမြို့ဖအဖွဲ့က ကြီးမှူးကျင်းပသည့် စစ်ကိုင်းမြို့ ရာဇမဏိစူဠာ ကောင်းမှုတော်ဘုရားကြီးအား လုံးတော်ပြည့် ထုံးသင်္ကန်းပြန် လည်ကပ်လှူရေး ညှိနှိုင်းအစည်းအဝေးပွဲကို ဇန်နဝါရီ ၁၁ ရက်က ပြုလုပ်ခဲ့ပြီး ယင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
 
''ကျွန်တော်တို့ ရွှေဆေးကနေ ထုံးသင်္ကန်းကပ်လှူနိုင်ဖို့ လုပ်တဲ့နေရာ မှာ နိုင်ငံရေးမပါဘူး၊ မည်သူတစ်ဦး တစ်ယောက်က လုပ်လို့ပျက်တာ မဟုတ်ဘူး၊ မြို့မိမြို့ဖအနေနဲ့ ဦးဆောင်လို့လည်း မဟုတ်ဘူး၊ အများပြည်သူ တွေရဲ့ဆန္ဒအရ လုပ်ရခြင်းဖြစ်တယ်၊ နောက်ပြီး ဘုရားဂေါပကအဖွဲ့ကလည်း ရွှေဖြစ်ဖြစ်၊ ထုံးဖြစ်ဖြစ် အလှူရှင်ရှိရင် လုပ်နိုင်တယ် ဆိုလို့သာ လုပ်ရခြင်းဖြစ်ပြီး သက်ဆိုင်ရာက တာဝန်ပေးရင် ကျရာနေရာက တာဝန်ယူလုပ်ကိုင်ဖို့ အသင့်ပါပဲ၊ နောက်ပြီး ထုံးသင်္ကန်းကပ်ဖို့အတွက် ပညာရှင်တွေနဲ့ တိုင်ပင်ပြီး လုပ်ဆောင်သွားမှာပါ'' ဟု မြို့မိမြို့ဖအတွင်းရေးမှူး ဦးဇော်ဝင်းက ပြောသည်။
 
ကောင်းမှုတော် စေတီတော်ထုံးသင်္ကန်း ပြန်လည်ကပ်လှူ ပူဇော်နိုင်ရေးနှင့် ပတ်သက်၍ စစ်ကိုင်းမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်သိန်းက ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလအတွင်းက ကျင်းပသည့် ဒုတိယ အကြိမ် ပြည်သူ့ လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေးတွင် မေးမြန်းခဲ့ဖူးရာ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ရွှေဆေး သက်တမ်းကုန်ဆုံးသည့် အချိန်တွင် ထုံးသင်္ကန်း ကပ်လှူ ပူဇော်ရေးနှင့် ပတ်သက်၍ သြဝါဒါစရိယ ဆရာတော်ကြီးများ၏ ဆန္ဒနှင့်အညီ တိုင်းအစိုးရအဖွဲ့၊ သက်ဆိုင်ရာ ဂေါပကအဖွဲ့နှင့် ဒေသခံပြည်သူများ ညှိနှိုင်းဆောင်ရွက်မည်ဟု ထိုအချိန်က ဖြေကြားခဲ့ဖူးသည်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment