လိုင်စင်မဲ့ယာဉ် လက်ဝယ်ထားရှိသည့် ရဲအုပ်အား အမှုဖွင့်အရေးယူ

လိုင်စင်မဲ့ယာဉ်များအား ဖြတ်သန်းခွင့်ရရှိရန် ဆောင်ရွက်ပေးပြီး လိုင်စင်မဲ့ယာဉ် လက်ဝယ်ထားရှိသည့် ပေါင်မြို့နယ် မှ ရဲအုပ်တစ်ဦးအား အမှုဖွင့်အရေးယူထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
 
ကရင်ပြည်နယ် ဘားအံမြို့နယ် ဂျိုင်း (ဇာသပြင်) စစ်ဆေးရေးဂိတ်၌ တာဝန် ကျနေသော ဒုရဲမှူး ရဲထွန်းဦး ဦးစီးအဖွဲ့က လိုင်စင်မဲ့ယာဉ် သုံးစီးနှင့်ပတ်သက်သူ ရဲအုပ်တစ်ဦးအား စစ်ဆေးနေကြောင်း သိရသည်။
 
ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၁ ရက် နံနက် ၇ နာရီက တံတားစစ်ဆေးရေးဂိတ်၌ ပေါင်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ် သက်စိုးဦးသည် တာဝန်မဲ့ ပြည်နယ် ကျော်၍ သွားရောက်ခဲ့ပြီး ကရင်ပြည်နယ် အိန္ဒုကျေးရွာဘက်မှ မော်လမြိုင်မြို့ဘက် သို့ လိုင်စင်မဲ့မော်တော်ယာဉ် သုံးစီးအား ဖြတ်သန်းခွင့်ရရှိရေး ဆောင်ရွက်ပေးခဲ့ ကြောင်း သိရှိရသဖြင့် ပေါင်မြို့မရဲစခန်းမှူး ဒုရဲမှူး ထွန်းဇော်ဦးနှင့် တပ်ဖွဲ့ဝင်များက ၄င်းနေထိုင်ရာ ပေါင်မြို့နယ် ကျွဲခြံကျေးရွာ ရှိ ရဲအုပ်သက်စိုးဦး၏ နေအိမ်သို့ သွားရောက် ရှာဖွေစစ်ဆေးခဲ့သည်။
 
ထိုသို့စစ်ဆေးစဉ် အဆိုပါ နေအိမ်အတွင်းမှ မင်းအောင်မြင့်မိုး ပေါင်းရပ်ကွက် ပေါင်မြို့နေသူ မောင်းနှင်ပြီး သဲမောင်ထွန်း လိုက်ပါလာသော ယာဉ် အမှတ်YGN- 9L/---- Ford Ranger လိုင်စင်မဲ့ယာဉ်အား တွေ့ရှိ၍ ဆက်လက်စစ်ဆေးရာ အဆိုပါ ယာဉ်အား ရဲအုပ်သက်စိုးဦး ပိုင်ဆိုင်ကြောင်း စိစစ်တွေ့ရှိရသဖြင့် လိုင်စင်မဲ့ မော်တော်ယာဉ် လက်ဝယ်ထားရှိသူ ရဲအုပ် သက်စိုးဦးအား ပေါင်မြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
 
The Ladies News

 

Vote: 
No votes yet

Add new comment