NCA ကို ဒုတိယပြသ၁နာအဖြစ် ထားရှိကာ လက်ရှိဖြစ်ပွားနေသော တိုက်ပွဲများရပ်တန့်နိုင်ရေးကို အရင်ဦးဆုံး နည်းလမ်းရှာသင့်သည်ဟုဆို

NCA တွင် လက်မှတ်မထိုးရသေးသည့် တိုင်းရင်သား လက်နက်ကိုင်အဖွဲ့များ လက်မှတ်ရေးထိုးရေးကို ဒုတိယပြသ၁နာ အဖြစ်ထားရှိကာ လက်ရှိမြန်မာနိုင်ငံ မြောက်ပိုင်းဒေသများတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများ ရပ်တန့်နိုင်ရေးကို အရင်းဦးဆုံး နည်းလမ်းရှာသင့်သည်ဟု မြန်မာ့ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားရေးရာ သုတေသီ ဆရာဦးမောင်မောင်စိုးက The Ladies News သို့ သုံးသပ်ပြောကြားသည်။
 
မြန်မာနိုင်ငံ မြောက်ပိုင်းဒေသဖြစ်သည့် ကချင်ပြည်နယ်နှင့် ရှမ်းမြောက်ပိုင်းတွင် တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ် အဖွဲ့ဝင်များ ဖြစ်သည့် ကချင်လက်နက်ကိုင် အဖွဲ့ (KIA)၊ တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA)၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP) တို့ တိုက်ပွဲများ ဖြစ်ပွားနေခြင်း၏ ပထမဦးဆုံး အကျိုးဆက်ကတော့ မြောက်ပိုင်းမဟာမိတ် အဖွဲ့များ လာမည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယအကြိမ် အစည်းအဝေးသို့ တက်ရောက်နိုင်ရန် အဟန့်အတား ဖြစ်စေသည်ဟု ၄င်းကပြောကြားသည်။
 
`ပထမတစ်ချက်ကတော့ တိုက်ပွဲတွေ ဖြစ်နေလို့ရှိရင် မြောက်ပိုင်းအဖွဲ့တွေအနေနဲ့ ပင်လုံညီလာခံမှာ ပါဝင်နိုင်မှုက ပိုပြီးအလှမ်းဝေးသွားမှာပေါ့။ စေ့စပ်ညှိနှိုင်းမှုတွေ လုပ်ဖို့ဆိုတာလည်း ပိုးပြီးတော့ ခက်ခဲနိုင်ပါတယ်။ တိုက်ပွဲတွေဖြစ်ရင် တစ်ဖက်နဲ့တစ်ဖက် သေကြေဒဏ်ရာရတွေရှိတဲ့ အတွက်ကြောင့်မိုလို့ တစ်ဖက်နဲ့တစ်ဖက် မယုံကြည်မှုနဲ့ သံသယတွေ နာကျည်းမှုတွေ ပိုတိုးပွားလာနိုင်တယ်။ ပထမအချက်အရဆိုရင် မြောက်ပိုင်းအဖွဲ့တွေ ပင်လုံညီလာခံတက်ဖို့ အဟန့်အတား ဖြစ်စေတယ်လို့ မြင်ပါတယ်´ ဟု ဆရာဦးမောင်မောင်စိုးက ပြောကြားသည်။
 
၂၀၁၆ ခုနှစ်အတွင်း၌ တိုက်ပွဲပေါင်း ၂၈၇ ကြိမ်ခန့် ဖြစ်ပွားပြီး ၂၀၁၇ ခုနှစ် နိုဝင်ဘာလအထိ ၂၃၃ ကြိမ်ခန့် ဖြစ်ပွားကာ ဒီဇင်ဘာလအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပေါင်းလိုက်ပါက ၂၀၁၆ နှင့် ၂၀၁၇ တွင် ဖြစ်ပွားသည့် တိုက်ပွဲအကြိမ်ရေမှာ ကွာခြာမှုမရှိဟု ၄င်းကဆိုသည်။
 
`ဒီတိုက်ပွဲတွေဖြစ်နေတဲ့ အကြာင်းအရင်းနဲ့ ဒီတိုက်ပွဲတွေကို ဘယ်လိုရပ်အောင် လုပ်မလဲဆိုတာကတော့ လက်တွေ့ကျတဲ့ ပြသ၁နာအဖြစ် အရင်ဆုံးစဉ်းစားဖို့ လိုပါတယ်။ အဲတော့ NCA ပြသ၁နာသည် ဒုတိယပြသ၁နာ အနေနဲ့ ထားပြီးတော့ ပထမပြသ၁နာအဖြစ် ဒီတိုက်ပွဲရပ်အောင် အရင်လုပ်ဖို့ စဉ်းစားရင်ကောင်းမယ်လို့ ထင်ပါတယ်။ တတိယအချက်အနေနဲ့ NCA ထိုးလိုက်ရင် ဒီပြသ၁နာတွေ ပြီးပြီဆိုတာမျိုး၊ စဉ်းစားနည်းမျိုးလည်း ရှိပါတယ်။ ဒါပေမယ့် NCA ထိုးတိုင်းလည်း ပြသ၁နာတော့ ပြီးသွားတာမဟုတ်ဘူးဗျ။ NCA ထိုးထားပြီးတဲ့အဖွဲ့တွေ ပြည်နယ် အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်ခတ်ရပ်ဖို့ သဘောတူထားတဲ့ အဖွဲ့တွေမှာလည်း ပဋိပက္ခတွေရှိနေတာကို အဲဒီတော့ ဒီပဋိပက္ခတွေက ဘာကြောင့်ဖြစ်သလဲ ဘယ်လိုဖြစ်တာလည်း ဒါကို ဘယ်လိုဖြေရှင်းမလဲ ဆိုတာကိုလည်း ဦးစားပေး အစီအစဉ်အနေနဲ့ စဉ်စားဖြေရှင်းသွားဖို့ လိုအပ်မယ်လို့ ထင်ပါတယ်´ ဟု ၄င်းကပြောကြားသည်။
 
၂၀၁၈ နှစ်ဦးကို စဖွင့်လိုက်သည်က ငြိမ်းချမ်းရေး၏ ဆန့်ကျင်ဖက်ဖြစ်သော တိုက်ပွဲများဖြစ်သည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) မှ ဦးစိုင်းလိတ်က The Ladies News သို့ သုံးသပ်ပြောကြားသည်။
 
`၂၁၁၈ နှစ်ဦးကို စဖွင့်လိုက်တာက တပ်မတော်ရဲ့ ထိုးစစ်တွေနဲ့ KNPP ရဲဘော်တွေကို သတ်ပစ်လိုက်တယ်လို့ သတင်းတွေထွက်နေတယ်။ ဘယ်လိုဖြစ်ဖြစ် အဲဒီလိုမျိုး အစဦးဖွင့်လိုက်တဲ့ အခြေအနေက ကျွန်တော်တို့ ရှေ့လျှောက်သွားမယ့် ငြိမ်းချမ်းရေးကို အနုတ်လက္ခဏာ ပြစေတာပေါ့။ အဲလိုပဲ ကျွန်တော်မြင်တယ်´ ဟု
၎င်းကပြောကြားသည်။
 
ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁-ရာစုပင်လုံ နီးပြီဆိုသည်နှင့် တိုက်ပွဲများသည် ခပ်စိတ်စိတ် ဖြစ်လာတတ်ပြီး တပ်မတော်မှ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို NCA တွင် လက်မှတ်ထိုးရန် စစ်ရေးနည်းဖြင့် ဖိအားပေးသည်ဟု ဝေဖန်သုံးမှုများလည်း ရှိနေသည်။ ယင်းသုံးသပ်ချက်ကို တပ်မတော်ဘက်မှ လက်မခံပေ။
 
`တစ်ဖက်ကလည်း ပင်လုံညီလာခံ နီးလာရင် NCA လက်မှတ်ထိုးဖို့ အစိုးရနဲ့ တပ်မတော် ဆုပ်ကိုင်ထားတဲ့ နိုင်ငံရေးလမ်းကြောင်းထဲဝင်ဖို့ ဖိအားပေးတယ်ဆိုတဲ့ ရှုမြင်သုံးသပ်ချက်တွေ ရှိပါတယ်၊ တစ်ဖက်လည်း
မြောက်ပိုင်းတိုင်း နယ်လုံဝန်ကြီးပြောသွားသလိုပဲ၊ ဒါက NCA ထိုးဖို့ ဖိအားပေးတာ မဟုတ်ဘူး။ သူရဲ့ ပုံမှန်နယ်မြေစိုးမိုးရေး အတွက် လုပ်ရပါတယ်ဆိုတဲ့ ဟာမျိုးလည်းရှိတယ်။ ဒါတွေကတော့ တစ်ဖက်နဲ့ တစ်ဖက်
ကတော့ အကြာင်းပြချက်တွေတော့ ရှိနေမှာပဲ အဒီကပြသ၁နာက ဒါကိုမဖြစ်အောင် ဘယ်လိုဖြေရှင်းမလဲဆိုတဲ့ အနှစ်သာရကို ရှာဖွေဖို့ပဲ လိုအပ်ပါလိမ့်မယ်´ ဟု ဆရာဦးမောင်မောင်စိုးက ပြောကြားသည်။
 
တပ်မတော်နှင့် တိုက်ပွဲများဖြစ်ပွားနေသော ကချင်လက်နက်အဖွဲ့ (KIA)၊ ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP) တအာင်းလက်နက်ကိုင် အဖွဲ့ (TNLA)၊ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့သည် NCA လမ်းကြောင်းဖြင့် ဖေါ်ဆောင်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လက်မခံသည့် မြောက်ပိုင်းမဟာမိတ် အဖွဲ့ဝင်များဖြစ်သည်။
 
အစိုးရက မြောက်ပိုင်းမဟာမိတ် ခုနစ်ဖွဲ့အား တွေ့ဆုံဆွေးနွးရန် တံခါးဖွင့်သည်ဟု ပြောကြားထားသည်။ တစ်ဖွဲ့ချင်းဆီ သော်လည်းကောင်း၊ သုံးဖွဲ့ဆီ သော်လည်းကောင်း ၊ လေးဖွဲ့ဆီ သော်လည်းကောင်း တွေ့ဆုံမှုဖြစ်ပြီး မြောက်ပိုင်းမဟာမိတ်ခုနစ်ဖွဲ့ ဖွဲ့စည်းထားသည့် ပြည်ထာင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC) နှင့် တွေ့ဆုံရန်ကိုမူ လက်မခံပေ။ မြောက်ပိုင်းမဟာမိတ် အဖွဲ့ကလည်း နိုင်ငံရေးဆွေးနွေးမှုများကို FPNCC ဖြင့်သာ ပြုလုပ်မည်ဟုဆိုသည်။
 
လွန်ခဲ့သည့် လပိုင်အတွင်းက တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့တွင် မြောက်ပိုင်းမဟာမိတ် အဖွဲ့ဝင်တချို့နှင့် အစိုးရ ငြိမ်းချမ်းရေးကော်မရှင်မှ ကိုယ်စားလှယ်များ အလွတ်သဘော တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့သည်။ တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် မြောက်ပိုင်းမဟာမိတ် ခုနှစ်ဖွဲ့သည် ပြီးခဲ့သည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁-ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအဝေးသို့ လေ့လာသူအဖြစ် တက်ရောက်ခဲ့သည်။
 
အောင်ရဲနောင်
The Ladies News
 

 

Vote: 
No votes yet

Add new comment