ရွှေပြည်သာစက်မှုဇုန်တွင် ယာယီလည်ပတ်ခွင့် ပိတ်ထားသည့် အရက်ချက်စက်ရုံများ တရားမဝင် လည်ပတ်နေသည် ဆိုကာ သတင်းစာရှင်း

ရွှေပြည်သာစက်မှုဇုန်တွင် ယာယီလည်ပတ်ခွင့် ပိတ်ထားသည့် အရက်ချက်စက်ရုံများ တရားမဝင် လည်ပတ်နေခြင်းများ ရှိကြောင်း Right View Group (ရွှေပြည်သာ)က ယနေ့(ဇန်နဝါရီ ၆ ရက်)နံနက်ပိုင်းက ရွှေပြည်သာမြို့နယ်ရှိ ရောင်ခြည်ဦး စာဖတ်ခန်းတွင် သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်ပြုလုပ်ခဲ့သည်။
 
ရွှေပြည်သာမြို့နယ် စက်မှုဇုန် ၁ အတွင်းရှိ အရက်ချက်စက်ရုံများ ဖြစ် သည့် ရွှေအိုး၊Top One ၊ PMG ၊ တော်ဝင်နှင့် SMT အရက်ချက်စက်ရုံ များအား ရေဆိုးသန့်စင် စနစ်တည်ဆောက်နေစဉ် စက်လည်ပတ်မှုအား ၂၀၁၇ သြဂုတ် ၃၀ ရက်မှစတင်ကာ ယာယီရပ်နားထားရန်နှင့် စံချိန်စံညွန်း ကိုက်ညီသည့် ရေဆိုးသန့်စင်စနစ် တည်ဆောက်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ အတည်ပြုချက်ရမှာသာ ပြန်လည် လည်ပတ်ရန် ပြည်ထောင်စု ဝန်ကြီးဌာနများနှင့် မြို့နယ်ထွေအုပ်တို့မှ ညွန်ကြားထားကြောင်း ပြောပြချက်အရ သိရသည်။
 
ထိုသို့ညွန်ကြားထားသော်လည်း ရေဆိုးသန့်စင်မှုစနစ် တည်ဆောက်ဆဲ ကာလပြီးစီးမှု မရှိသေးဘဲ ၎င်းအရက်ချက် စက်ရုံများမှာ ပြန်လည် လည်ပတ်နေခြင်းများအား Right View Group (ရွှေပြည်သာ)မှ စုံစမ်း သိရှိရကြောင်း ၊ ၎င်းကိစ္စအား နိုင်ငံတော်သမ္မတ အပါအဝင် သက်ဆိုင်ရာ ဝန်ကြီးဌာန အဆင့်ဆင့်သို စက်ရုံအနီးဝန်းကျင်ရှိ ဒေသခံပြည်သူများ လက်မှတ်ကောက်ယူကာ ပေးပို့ကာ သတင်းစာရှင်းလင်းရခြင်း ဖြစ်ကြောင်း ပြောသည်။
 
Right View Group (ရွှေပြည်သာ)မှ ဦးထိန်လင်းအောင်က "အရက်ချက် စက်ရုံတွေဟာ ဆိုရင် လွှတ်တော်ကိုယ်စားလှယ်တွေ လုပ်ထုံးလုပ်နည်း မညီ ပတ်ဝန်းကျင်ကို ရေဆိုးသန်စင်စက်တွေ မရှိဘဲ ထုတ်တဲ့ အရက်ချက် စက်ရုံတွေကို ပိတ်သိမ်းဖို့ နိုင်ငံတော်အဆင့်ကနေ ထုတ်ပြန်တယ်။ သို့သော်လည်း ရွှေပြည်သာမှာရှိတဲ့ အရက်ချက်စက်ရုံဟာ ဆိုရင် နိုင်ငံတော် က ဥပဒေတွေ ဘယ်လိုပင် ပြဌာန်းထားပင်ရှီသော်လည်း လွတ်လွတ်လပ်လပ်ကို လည်ပတ်ပြီးတော့ အရက်တွေ ထုတ်နေတာရှိ တယ်။ ဒါကြောင့် ကျွန်တော်တို့အဖွဲ့ကနေပြီး ဒီဇင်ဘာ ၂၉ ရက်ကနေစပြီး စက်ရုံတွေကို ကွင်းဆင်းပြီး မှတ်တမ်းမှတ်ရာယူခြင်း ဆောင်ရွက်ခဲ့ရ တယ်။ နိုင်ငံတော်က ပြဌာန်းထားတာကို ခိုးလုပ်နေတာတွေ ဌာနဆိုင်ရာ တွေက မသိကျိုးကျွံပြုနေတာလား မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်”ဟု ပြောသည်။
 
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး အရက်ချက်စက်ရုံမှ ထွက်ရှိသည့် ရေဆိုးရေညစ်အနံ့နှင့် မီးခိုပြာဒဏ်ခံရသည့် ဒေသခံ ရပ်ကွက်နေ ပြည်သူများထံမှ လက်မှတ်ကောက်ယူခြင်း ပြုလုပ်ကာ ၂၀၁၈ ဇန်နဝါရီ် ၅ ရက် နိုင်ငံတော်သမ္မတ အပါအဝင် ဌာနဆိုင်ရာအသီးသီးသို့ တိုင်ကြားစာ ပေးပို့ထားကြောင်းပြောသည်။
 
ကိုထိန်လင်းက "အရက်ချက်စက်ရုံတွေကို ပိတ်သိမ်းထားတာ ဆက်လုပ်နေတာကို ကျွန်တော်တို့ ညီအစ်ကိုတွေ စုစည်းပြီး လက်မှတ်ကမ်ပိန်းလုပ်တယ်။ ဒီလိုယူတဲ့နေရာမှ ယခင်က အချို့အဖွဲ့တွေက ရေဆိုးဒဏ်ခံရသူတွေကို ဆောင်ရွက်ပေးမယ် ပြောပြီး တကယ့်လက်တွေ့ ကျတော့ ပြည်သူ့အတွက် မဟုတ်ဘဲ စက်ရုံမှာရှိတဲ့ ငွေရှိသူလူတန်းစားဆီ ရောက်သွားပြီးတော့ ပြည်သူတွေဟာ ဆိုရင် ယနေ့အချိန်ထိ ရေဆိုးရေညစ် ဒဏ်ခံရပြီး ယုံစားဖို့ရာ အတော်လေး ခက်ခဲနေပါတာတွေ့ရတယ်။ တကယ် ဆောင်ရွက်ပေးမယ် ဆိုတာတောင် တွန့်ဆုတ်နေတာ တွေ့ရပါတယ်။ လေးငါးခြောက်ဆီက လက်မှတ်ရဖို့ကို တော်တော်လေး ကြိုးစားပြောယူရပါတယ်”ဟု ပြောသည်။
 
ယင်းကိစ္စနှင့် ပတ်သက်ပြီး စက်တင်ဘာ ၂၀ ရက် နံနက် ၁၀ နာရီ ဝန်းကျင်ခန့်က ရွှေပြည်သာမြို့ နယ်၊ ရွှေပြည်သာ စက်မှုဇုန် ၁၊ ကန်သာယာလမ်းမကြီးနှင့် အင်ကြင်းလမ်းထောင့် ကစတင်ပြီး အရက်ချက် စက်ရုံများသို့ လှည့်လည်ဆန္ဒပြခဲ့ခြင်းများ ရှိသည်။
 
အရက်ချက်စက်ရုံလုပ်ငန်းရှင်များ အနေဖြင့် ဒီဇင်ဘာ ၃၀ ရက်က ကျင်းပသည့် နိုင်ငံတော် ဒုတိယသမ္မတ(၁) ဦးမြင့်ဆွေ ဦးဆောင်သည့် မြန်မာ့ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီနှင့် မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များရဲ့ (၁၃) ကြိမ်မြောက် ပုံမှန်တွေ့ဆုံဆွေးနွေးပွဲတွင် အရက်ချက်စက်ရုံတွေမှာ စွန့်ပစ်ရေဆိုး သန့်စင်စနစ် တည်ဆောက်ဖို့အတွက် နည်းပညာ လိုအပ်ချက်တွေ၊ ရင်းနှီးမြှုပ်နှံမှု များပြားတာတွေ ရှိနေသေး တာကြောင့် ဆောင်ရွက်ချိန်ကာလကို (၁) နှစ် ခွင့်ပြုပေးဖို့ အတွက်လည်း မြန်မာနိုင်ငံ ယမကာထုတ်လုပ် ဖြန့်ဖြူးသူများ အသင်းအနေနဲ့ အစိုးရကို တင်ပြခဲ့ခြင်းများရှိကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။
 
ယင်းအတွက် အဆိုပါအစည်းအဝေးတွင် စွန့်ပစ်ရေဆိုး သန့်စင်စနစ် တည်ဆောက်ထားခြင်း မရှိတဲ့အတွက် ပိတ်ထားတဲ့ အရက်ချက်စက်ရုံ (၅၄)ရုံ ပြန်လည် လည်ပတ်နိုင်အောင် ကူညီပေးသွားမည့် အစီအစဉ်များရှိသည်ဟု စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ပြောကြားခဲ့ကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။
 
စိုင်းဟန်
The Ladies News
 

 

Vote: 
No votes yet

Add new comment