ဂိုးသွင်းအရေအတွက်ကို လျှို့ဝှက်ထားဦးမယ်လို့ ဆိုလိုက်တဲ့ မန်ယူကြယ်ပွင့် ကစားသမား "လင်းဂတ်"

ယူနိုက်တက်အသင်းရဲ့ ကြယ့်ပွင့်ကစားသမား တစ်ဦးဖြစ်တဲ့ "လင်းဂတ်"ဟာ ယခုနှစ်ရာသီမှာ အကောင်းဆုံး ခြေစွမ်းကို ပြသနေနိုင်သူဖြစ်ပြီး အသင်းအတွက် အဖိုးတန်ဂိုးတွေကိုလည်း ရယူပေးထားနိုင်တဲ့ ကစားသမားတစ်ဦးပဲ ဖြစ်ပါတယ်။
 
၎င်းဟာ ဒီရာသီအတွက် ဂိုးတွေ ဆက်လက်သွင်းယူဖို့နဲ့ ပတ်သက်ပြီး ရည်မှန်းချက် ပန်းတိုင် တစ်ခုထားရှိတယ်လို့ ထုတ်ဖော်ပြောကြားထားပြီး ဘယ်နှဂိုး ဖြစ်မယ်ဆိုတာကိုတော့ ကြိုတင်ပြီး ထုတ်ဖော်ပြောကြားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
 
၎င်းရဲ့ တိုက်စစ်အနေအထားဟာ အံ့သြဖွယ် ကောင်းလောက်အောင် မြန်ဆန်လွန်းလှပြီး ပြိုင်ပွဲစုံ နောက်ဆုံး ၉ ပွဲမှာ ၇ ဂိုးအထိ ဂိုးရယူ ထားနိုင်ပါတယ်။ ရာသီတစ်လျှောက်လုံး အတွက် သွင်းဂိုးကတော့ ၁၀ ဂိုးအထိရှိခဲ့ပါပြီ။ မန်ချက်စတာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ရရှိနေပြီး ပျော်ရွှင်နေတဲ့ တိုက်စစ်ကစားသမားဟာ သူ့အတွက် ရည်မှန်းထားတဲ့ သွင်းဂိုး အရေအတွက်နဲ့ ပတ်သက်လို့ "ကျွန်တော့်စိတ်ထဲ မှာတော့ ဂိုးတွေသွင်းယူဖို့ သတ်မှတ်ထားတဲ့ အရေအတွက် ပစ်မှတ် တစ်ခုတော့ ရှိပါတယ်။ မဖြစ်လာသေးခင်မှာတော့ အိပ်မက်တစ်ခုပေါ့ဗျာ။ ဒါပေမယ့် ကျွန်တော့်အိပ်မက်တွေ လက်တွေ့မှာ တကယ်ဖြစ်လာအောင် ကြိုးစားသွားမှာပါ။ အသင်းအတွက် ဖန်တီးမှုတွေ ပြုလုပ်ပေးပြီး အသင်းကိုလည်း ကူညီချင်ပါတယ်။ ဒါဟာ ကျွန်တော့် ရည်မှန်းချက် တစ်ခုပါပဲ" လို့ MUTV ကို ထုတ်ဖော်ပြောကြားထားတာ ဖြစ်ပါတယ်။
 
ဆက်လက်ပြီး ဂိုးအရေအတွက် နဲ့ ပတ်သက်ပြီး ဘယ်နှဂိုးအထိ သတ်မှတ်ထားလဲဆိုတာကို ဆက်လက် မေးမြန်းရာမှာတော့ "ဟင့်အင်း၊ ကျွန်တော် ဒါကတော့ ပြောလို့မရပါဘူး။ ဒါက လျှို့ဝှက်ချက်ဗျ။ ကျွန်တော် ပြောနိုင်တာတစ်ခုက အဲ့ဒါတွေ လက်တွေ့ဖြစ်လာစေဖို့ ကျွန်တော် အစွမ်းကုန်ကြိုးစားမယ်။ ကျွန်တော် အသင်းအတွက် အကောင်းဆုံး ပေးဆပ်မယ်။ အသင်းကိုပိုပြီး အထောက်အကူ ပြုနိုင်အောင်လည်း ကြိုးစား နေပါတယ်။ တိုက်စစ်ပိုင်းကို လိုက်ပါကစားရပြီး ဂိုးတွေရတဲ့ အခါတိုင်း ကျေနပ်ပီတိ ဖြစ်မိပါတယ်။ ဒီရာသီမှာ ဂိုးတွေရသလောက် သွင်းယူပြီး အသင်းအတွက် နိုင်ပွဲတွေ ဆက်လက်ရရှိဖို့ ကျွန်တော့်ကို ကျွန်တော် တွန်းအားပေးနေပါတယ်" လို့ ပြောကြားထားပါတယ်။
 
မန်ယူကစားသမား တစ်ဦးဖြစ်တဲ့ ဟာရဲရားလည်း အဆိုပါကစားသမားအပေါ် ချီးကျူးမှုတွေ ပြုလုပ်ခဲ့ပြီး သူရဲ့ ကစားပုံနဲ့ ပတ်သက်ပြီး ကျေနပ်ပီတိ ဖြစ်မိကြောင်း အခုလို ပြောကြားထားပါတယ်။ "သူက လှစ်လှစ်ထနေအောင် မြန်တာဗျ။ သူ့ကို ဘယ်သူမှလိုက်မမီဘူး ဖြစ်နေတယ်။ သူ့အတွက် မန်ယူပရိသတ်တွေလည်း ၀မ်းသာနေကြသလို ကျွန်တော်တို့ တစ်သင်းလုံးကလည်း ပီတိဖြစ်ရပါတယ်။ ဒါကတော့ ပါရမီလို့ ပြောရမှာပေါ့ဗျာ။ သူကိုယ်တိုင်က တိုးတက်ချင်စိတ် ရှိနေပြီး တကယ့် ကစားသမားကောင်း တစ်ဦးအဖြစ် ရပ်တည်ချင်နေတာ။ သူက လေ့ကျင့်ခန်း ဆင်းရင်လည်း ပြင်းပြင်းထန်ထန် ပြုလုပ်တတ်တယ်။ ဒါကိုကြည့်ခြင်း အားဖြင့်လည်း သူဘယ်လောက်အထိ ဖြစ်ချင်လိုစိတ် ပြင်းပြနေတယ်ဆိုတာ အထင်းသား သိနိုင်ပါတယ်။ ပြီးတော့ ကစားပွဲတွေမှာလည်း သူက လက်တွေ့ပြသ နိုင်ခဲ့ပါတယ်" လို့ ပြောကြားသွားပါတယ်။
 
The Ladies News

 

Vote: 
No votes yet

Add new comment