ရော့စ်ဘာကလေကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်တဲ့ ချဲလ်ဆီး

ပရီးမီးယားလိဂ် ထိပ်သီးအသင်းတစ်သင်းဖြစ်တဲ့ ချဲလ်ဆီးအသင်းဟာ အဲဗာတန်အသင်းရဲ့ အသက် ၂၄ နှစ်အရွယ် ကွင်းလယ် ကစားသမား ရော့စ်ဘာကလေကို ၅ နှစ်ခွဲစာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့တယ်လို့ သိရပါတယ်။ လူငယ် ကွင်းလယ်ကစားသမား ရော့ဘာကလေဟာ အဲဗာတန်အသင်းနဲ့ ၁၃ နှစ်ကြာ လက်တွဲခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၁၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါကစားသမားဟာ ပြီးခဲ့တဲ့ နှစ် သြဂုတ်လမှာ တံကောက်ကြော ဒဏ်ရာအတွက် ခွဲစိတ်ကုသမှုခံယူခဲ့ရပြီး အနားယူနေစဉ်မှာပဲ ချဲလ်ဆီးအသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့တာလည်း ဖြစ်ပါတယ်။
 
ချဲလ်ဆီးအသင်း နည်းပြကြီး ကွန်တီဟာ ၄င်းကို အသင်းရဲ့ ဂန္တ၀င် ကစားသမား တစ်ဦးဖြစ်တဲ့ ဖရန့်လမ်းပတ် ၀တ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၈ အင်္ကျီကို ၀တ်ဆင်ကစားစေမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ အဆိုပါ ကစားသမားနဲ့ ပတ်သက်လို့ ကွန်တီကို မေးမြန်းတဲ့အခါမှာတော့ "သူက ငယ်ရွယ်သွက်လက်ပြီးတော့ တိုးတက်မှုတွေ အများကြီး ရှိလာနိုင်သေးတဲ့ ကစားသမားတစ်ယောက် ဖြစ်ပါတယ်။ အခုအချိန်ကတော့ သူ့ရဲ့ အကောင်းဆုံး အချိန်ကို ရောက်ရှိနေတယ်လို့ မြင်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ ဒဏ်ရာရရှိနေတဲ့ ကစားသမားတစ်ယောက်ကို ခေါ်ယူမိခဲ့ပြီဆိုရင် သူဒဏ်ရာသက်သာလာတဲ့ အထိတော့ စိတ်ရှည်ရှည် စောင့်ဆိုင်းသင့် တယ်လို့ ထင်ပါတယ်" လို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။
 
ရော့စ်ဘာကလေဟာ ၂၀၀၈ ခုနှစ်မှာ ရှက်ဖီးဝမ်းဒေး အသင်းမှ အဲဗာတန်အသင်းသို့ ပြန်လည် ရောက်ရှိ လာခဲ့တာဖြစ်ပြီး ပွဲပေါင်း ၁၇၉ ပွဲကစားခဲ့ရာမှာ ၂၇ ဂိုးအထိ သွင်းယူပေးထားနိုင်တဲ့ ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment