ဒါဘီကို အဖွင့်ဂိုး စတင်သွင်းယူနိုင်ခဲ့တဲ့ ဂျက်ဆီလင်းဂတ်ကို ချီးကျူးလိုက်တဲ့ မော်ရင်ဟို

ယနေ့မနက် FA ဖလား တတိယအဆင့် ပွဲစဉ်အဖြစ် ယှဉ်ပြိုင် ကစားခဲ့ကြ တဲ့ မန်ယူအသင်းနဲ့ ဒါဘီကောင်တီအသင်းတို့ ပွဲစဉ်မှာတော့ မန်ယူအသင်း က ဒါဘီကို ၂-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
 
မန်ယူအသင်းအတွက် ဦးဆောင်ဂိုးကိုတော့ ပွဲကစားချိန် ၈၄ မိနစ်မှာ အသင်းရဲ့ ကြယ်ပွင့်ကစားသမား ဂျက်ဆီ လင်းဂတ်က လှလှပပ ကန်သွင်းခဲ့တာဖြစ်ပြီး အသင်းအတွက် ဒုတိယ ဦးဆောင်ဂိုးကိုတော့ အဓိက တိုက်စစ်မှူး လူကာကူက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ယခုနိုင်ပွဲနဲ့ ပတ်သက်ပြီး နည်းပြကြီး မော်ရင်ဟိုက "ကျွန်တော်တို့ အသင်းကို နောက်ဆုံးမိနစ်အထိ တိုက်စစ်ဆင်နိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် မိနစ် ၈၀ ကျော်အထိ ဂိုးမရတော့ ကျွန်တော် စိုးရိမ်စိတ်ဝင်လာ ပါတယ်။ အဖွင့်ဂိုး စတင် သွင်းယူပေးခဲ့တဲ့ လင်းဂတ်ရဲ့ ဂိုးကတော့ ကျွန်တော့်ကို အထင်ကြီးစေခဲ့ပါတယ်။ သူက ပရော်ဖက်ရှင်နယ် ကစားသမားတစ်ဦး ပီသသလို ပါရမီပါတဲ့ ထူးဆန်းတဲ့
ကလေးတစ်ယောက်လို့ မြင်မိပါတယ်။ ဒါဘီနောက်တန်းကတော့ တကယ်ကိုတောင့်တင်းပြီး အထင်ကြီးစရာပါ။ ကျွန်တော်တို့ အသင်းရဲ့ တိုက်စစ်ကို သူတို့ ကြာကြာ တောင့်မခံထားနိုင်လို့ သက်သာရာရခဲ့တာပါ" လို့ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။
 
မန်ယူအသင်းဟာ နောက်ထပ်ပွဲစဉ်အဖြစ် စတုတ်စီးတီး အသင်းနဲ့ ယှဉ်ပြိုင်ကစားရဖို့ ရှိနေပြီး အဆိုပါပွဲစဉ်ကို ဇန်န၀ါရီလ ၁၆ ရက်နေ့မှာ ယှဉ်ပြိုင်ကစားရမှာ ဖြစ်တယ်လို့ သိရပါတယ်။
 
The ladies News

 

Vote: 
No votes yet

Add new comment