TEASER နဲ့တင် လူကြိုက်များနေတဲ့ နီနီခင်ဇော်ရဲ့ GOOD KISSER

အခုတလော သီချင်းချစ်သူတွေကြားမှာ နာမည်ကြီး လူကြိုက်များနေ တာကတော့ နီနိခင်ဇော်ရဲ့ U အယ်လ်ဘမ်ထဲမှာ ပါဝင်တဲ့ Good Kisser သီချင်း MTV အတိုလေးပဲ ဖြစ်ပါတယ်။
 
သူမဟာ သီချင်းအသစ်ဆန်းတွေကို အကအလှများနဲ့ ဖန်တီးပုံဖော်လေ့ ရှိပြီး အသံအား ကောင်းကောင်းဖြင့် ပိုင်နိုင်စွာ သီဆိုနိုင်မှု တို့ကြောင့် မြန်မာပြည်သူများ အကြား နာမည်ကျော်ကြား လူကြိုက်များနေတာ ဆိုလည်း မမှားပါဘူး။ သူမရဲ့ အနုပညာလှုပ်ရှားမှုတွေ အပြင် ထွက်ရှိလာမယ့် MTV လန်းလန်းလေးများကိုလည်း သူမရဲ့ Facebook မှာ တင်ပေးလေ့ရှိပါတယ်။
 
အခုအခါမှာလည်း သူမရဲ့ U အယ်လ်ဘမ်ထဲက Good Kisser သီချင်း MTV အတိုလေးကို Facebook တွင် ဖော်ပြခဲ့တာဖြစ်ပြီး ၂၄ နာရီ မပြည့်ခင်မှာပဲ ကြည့်ရှုသူပေါင်း 377 k View ရှိခဲ့ပါတယ်။
 
Good Kisser MTV ကို မင်းသမီးချော ရွှေမှုန်ရတီနဲ့ မိန်းကလေး ပရိသတ်တွေရဲ့ သည်းသည်းလှုပ် ၀န်းရံခြင်းကို ခံထားရတဲ့ မိုရီဆာကီဝင်း (အ၀င်း)နဲ့ ရိုက်ကူးထားတာဖြစ်ပြီး ပရိတ်သတ်များက MTV အပြည့် ထွက်လာဖို့ မျှော်လင့် နေကြပါတယ်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment