သဒ္ဓါအရာမှာ လက်မနှေးတဲ့ မနော

ကြာဖြူ၊ အချစ်စစ်ရဲ့တန်ဖိုး ၊ ဗိုလ်အောင်ဒင် သီချင်းများအပြင် အခြားသော တေးသီချင်းများစွာ နဲ့ ပရိသတ်ရင်ခွင်ကြား ရောက်ရှိလာခဲ့တဲ့ မနောဟာ စာနာ ကူညီတတ်သူ တစ်ဦးလည်း ဖြစ်ပါတယ်။
 
မနောဟာ သီချင်းသီဆိုဖျော်ဖြေရန် အတွက် ကွင်းကောက်ပွဲသို့ အသွားလမ်းမှာ လမ်းပြုပြင်နေတဲ့ သူတွေကို အာဟာရဒါန မုန့်များ လှူဒါန်းခဲ့ပါတယ်။
 
"ကွင်းကောက်ပွဲ သီဆိုဖျော်ဖြေရန် အသွား လမ်းပြင်နေသော ကျွန်တော်တို့ အမျိုးတွေပေါ့။ နေတောင် တော်တော် ပူတယ်ဗျို့။ သာယာချမ်းမြေ့ပါစေဗျာ မောင်မနော" လို့ ၄င်း၏ ဖေ့စ်ဘွတ်တွင် ဖော်ပြထားပါတယ်။
 
လက်ရှိအချိန်တွင် မနောသည် ပြည်တွင်းတွင်သာမက ပြည်ပနိုင်ငံများ တွင်ပါ သွားရောက်ဖျော်ဖြေလျက်ရှိပြီး ပရဟိတ အလုပ်များကိုလည်း တစ်ဖက်တစ်လမ်းက ပါဝင်ကူညီဆောင်ရွက်လျက် ရှိပါတယ်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment