ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ယူနိုက်တက် အသင်းသားများထဲမှ အသင်းဟောင်းကို ဂိုး ၂ ဂိုး သွင်းယူနိုင်တဲ့ တတိယမြောက် ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ အက်ရှလေယန်း

အက်ရ်လေယန်းဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့က အသင်းဟောင်း ၀က်ဖို့ဒ် အသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ပွဲစဉ်မှာ ဂိုး၂ ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ် သမိုင်းတွင် အသင်းဟောင်းကို ဂိုး ၂ ဂိုးသွင်းယူနိုင်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တတိယမြောက် ကစားသမား ဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။
 
ယန်းအပြင် အသင်းဟောင်းကို ဂိုး ၂ ဂိုးသွင်းယူနိုင်ခဲ့တဲ့ မန်ယူအသင်းရဲ့ ကစားသမားတွေ ကတော့ ကိုးလ်နဲ့ ရွန်းနီ ဖြစ်ပါတယ်။
 
ကိုးလ်ဟာ ၁၉၉၈-၁၉၉၉ ဘောလုံးရာသီမှာ ပြိုင်ဘက်အသင်း အသင်း ဟောင်း နယူးကာဆယ် အသင်းဘက်ကို ဂိုး ၂ ဂိုး သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ကိုးလ်ဟာ နိုဘီဆိုလာနိုရဲ့ ဦးဆောင်ဂိုးကို ဒွိုက်ယော့ရဲ့ ကန်သွင်းမှုမှ ပြန်ထွက် လာတဲ့ ဘောလုံးကို ခြေပဂိုးအဖြစ် ပြန်လည် သွင်းယူခဲ့တာ ဖြစ်သလို ဒုတိယပိုင်းစပြီး မကြာမီအချိန်မှာပဲ ရိုင်ရန်ဂစ်ရဲ့ ဖြတ်တင်ပေးမှုကို လှလှပပ အဆုံးသတ်နိုင်ခဲ့ကာ အသင်းဟောင်း နယူးကာဆယ်ကို ဂိုး ၂ ဂိုး ဆက်တိုက် သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ရွန်းနီကတော့ ၂၀၁၁-၂၀၁၂ ဘောလုံးရာသီမှာ အဲဗာတန်အသင်းနဲ့ ၄-၄ ရလဒ်အဖြစ် သရေကျခဲ့တဲ့ ပွဲစဉ်မှာ အသင်းဟောင်း အဲဗာတန် အသင်းကို ၂ ဂိုးဆက်တိုက် သွင်းယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
 
၂ ဂိုးသွင်းယူနိုင်တဲ့ ကစားသမားကို ဖော်ပြရမယ်ဆိုရင် ကန်တိုနာဟာလည်း တစ်ဦးအပါအ၀င် ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ ကန်တိုနာဟာ လည်း သူ့ရဲ့အသင်းဟောင်း ရှဖီးလ်ဝမ်းဒ်ဒေး အသင်းကို ၂ ဂိုးဆက်တိုက် သွင်းယူထားဖူးသူ တစ်ဦးဖြစ်ပါတယ်။ ရှဖီးလ် အသင်းဟာ ကန်တိုနာကို ခေါ်ယူဖို့ လစာ မတတ်နိုင်တာကြောင့် ကန်တိုနာဟာ ရှဖီးလ်မှာ ၂ ရက်သာ လေ့ကျင့်ခန်းဆင်းခဲ့ရပြီး ပွဲကစားခွင့်မရရှိခဲ့လို့ မန်ယူအသင်းရဲ့ ဂိုး ၂ ဂိုး သွင်းယူတဲ့ ကစားသမားအဖြစ် ဖော်ပြမခံရတာပဲ ဖြစ်ပါတယ်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment