You are here
ဇင်ဘာဘွေ သမ္မတသစ်က အစိုးရအဖွဲ့သစ်တစ်ရပ် ဖွဲ့စည်း
Posted: December 2, 2017

ဇင်ဘာဘွေသမ္မတသစ် အမ်မာဆမ် မနန်ဂါဂွါအနေဖြင့် အစိုးရသစ် တစ်ရပ်ကို ဖွဲ့စည်းလိုက်ကြောင်း သိရသည်။ အဆိုပါ အစိုးရသစ်တွင် အာဏာရပါတီ ZANU-PF မှ အများစုပါဝင်သည့် အစိုးရဝန်ကြီး ၂၂ ဦး အဖွဲ့ကို နိုဝင်ဘာလကုန်ပိုင်းက ခန့်အပ်ဖွဲ့စည်းလိုက်ကြောင်းဖြင့် ကြေညာခဲ့ခြင်း ဖြစ်သည်။
သမ္မတဟောင်း ရောဘ်မူဂါဘီ ရာထူးမှနုတ်ထွက်ရန် သဘောတူ ခဲ့ပြီးနောက် သမ္မတသစ်အဖြစ် အမ်မာဆမ်က ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး ယင်းသို့အစိုးရသစ် ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။
သမ္မတသစ်အနေဖြင့် အမျိုးသားတပ်မတော် စစ်ဦးစီးချုပ်ဟောင်း စီဘူစီစိုမိုယိုကို နိုင်ငံခြားရေး ၀န်ကြီး၊ လေတပ်အကြီးအကဲ ပီရန်စီရှီရီကို မြေယာနှင့် ယဉ်ကျေးမှုဝန်ကြီး၊ ပက်ထရစ်ချီနာမာဆာကို ဘဏ္ဍာရေး ဝန်ကြီး၊ အမျိုးသား လွတ်လပ်ရေး စစ်မှုထမ်းဟောင်းအသင်း ဥက္ကဋ္ဌဟောင်း ခရစ်တိုဖာ မတ်စ်ဗန်ဝါကို ပြန်ကြားရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးအဖြစ် အိုဘတ်အမ်ပိုဖူ၊ ပြည်တွင်းလုံခြုံရေး ဝန်ကြီးဟောင်း ကမ်ဘိုမိုဟာဒီကို ကာကွယ်ရေးဝန်ကြီးနှင့် ဇီယမ်ဘီကို တရားရေးဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခဲ့ခြင်း ဖြစ်သည်။
REF : ဆင်ဟွာ
The Ladies News
Vote:
Add new comment