အပြည်ပြည်ဆိုင်ရာ စစ်တုရင်အလွတ်တန်း ဖိတ်ခေါ်ပြိုင်ပွဲ ပျဉ်းမနားတွင် ကျင်းပမည်

အပြည်ပြည်ဆိုင်ရာ စစ်တုရင် အလွတ်တန်း ဖိတ်ခေါ်ပြိုင်ပွဲကို ပျဉ်းမနား တွင် နိုဝင်ဘာ ၂၃ ရက်နေ့မှ နိုဝင်ဘာ ၂၇ ရက်နေ့အထိ ငါးရက်ကြာ ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။
 
အဆိုပါ ဖိတ်ခေါ် စစ်တုရင် အလွတ်တန်းပြိုင်ပွဲကို စိုးလျှပ်စစ်ဖောင်ဒေး ရှင်း ဥက္ကဋ္ဌ၏ မွေးနေ့အထိမ်းအမှတ် အဖြစ် ကျင်းပခြင်းဖြစ်ပြီး ပျဉ်းမနား မြို့၊ ဘောဂ၀တီရပ်ကွက်၊ အေးငြိမ်းချမ်းသာ ဂိလာန ဘိုးဘွားရိပ်သာ၌ ပြုလုပ်သွားမည် ဖြစ်ကြောင်း အဆိုပါပွဲကို ကြီးမှူးကျင်းပသည့် စိုးလျှပ်စစ် ဖောင်ဒေးရှင်ထံက သိရသည်။
 
အပြည်ပြည်ဆိုင်ရာ စစ်တုရင်အလွတ်တန်း ဖိတ်ခေါ်ပြိုင်ပွဲတွင် ပထမဆု ကျပ် ၉ သိန်း၊ ဒုတိယဆု ကျပ် ၇ သိန်း၊ တတိယဆု ကျပ် ၅ သိန်းနှင့် နှစ်သိမ့်ဆု ခုနစ်ဆု၊ တစ်ဆုလျှင် ကျပ် ၂ သိန်းစီ ချီးမြှင့်မည်ဖြစ်ပြီး ၀င်ကြေးပေးသွင်းရန် မလိုအပ်ဘဲ ရပ်ဝေးမှပြိုင်ပွဲဝင်များ အတွက် တည်းခိုရန်နှင့် နေ့လယ်စာများကိုလည်း စီစဉ်ပေးထားကြောင်းလည်း အဆိုပါဖောင်ဒေးရှင်းထံမှ သိရသည်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment