တစ်ကိုယ်တော် ဖျော်ဖြေပွဲပြုလုပ်မည့် အဆိုတော် ၀ိုင်းစုခိုင်သိန်း

တေးသံရှင် သရုပ်ဆောင် အဆိုတော် ၀ိုင်းစုခိုင်သိန်းအနေဖြင့် တစ်ကိုယ်တော် ဖျော်ဖြေပွဲတစ်ရပ်ကို ပြုလုပ်သွားရန်ရှိကြောင်း သိရသည်။
 
အဆိုတော် ၀ိုင်းစုခိုင်သိန်း၏ တစ်ကိုယ်တော် ဖျော်ဖြေပွဲကို သူမ၏ မွေးနေ့ဖြစ်သည့် ဒီဇင်ဘာ ၂၄ ရက်နေ့တွင် ပြုလုပ်မည် ဖြစ်ကြောင်းလည်း သိရသည်။
 
တစ်ကိုယ်တော် ဖျော်ဖြေပွဲကို ဒီဇင်ဘာလအတွင်း၌ ရန်ကုန်မြို့အပြင် ၂၀၁၈ ၊ ဇန်န၀ါရီ ၁၆ ရက်နေ့တွင်လည်း မန္တလေးမြို့တွင် ပြုလုပ်သွားရန် ရှိကြောင်းလည်း သိရသည်။
 
သူမ၏ ပရိသတ်များ၏ တောင်းဆိုမှုဖြင့် မွေးနေ့တွင် ယခုကဲ့သို့ တစ်ကိုယ်တော် ဖျော်ဖြေပွဲကို ပြုလုပ်ရခြင်း ဖြစ်ကြောင်း၊ ယခုအခါ အဆိုပါ ဖျော်ဖြေပွဲအတွက် ပြင်ဆင်မှုများ ပြုလုပ်နေပြီဖြစ်ကြောင်းလည်း အဆိုတော် သရုပ်ဆောင် ၀ိုင်းစုခိုင်သိန်းက မီဒီယာသို့ ပြောသည်။
 
အဆိုတော် သရုပ်ဆောင် ၀ိုင်းစုခိုင်သိန်းက ဒီဇင်ဘာ လအတွင်းပြုလုပ် မည့် တစ်ကိုယ်တော် ဖျော်ဖြေပွဲတွင် တေးသီချင်းသစ် အပုဒ် ၃ဝ ကို ဖျော်ဖြေသွားမည်ဟုလည်း သိရသည်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment