ကလေး-တမူးကားလမ်းတွင် ဒိုင်နာမော်တော်ယာဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းလျှောက်နေသူတို့အား ၀င်တိုက်

ကလေးမြို့ ကလေး-တမူးကားလမ်း မိုင်တိုင်(၁၇/၁၈) စခန်းကြီးကျေးရွာ အနီး လမ်းဘေးတွင် လမ်းလျှောက်နေသူ လူသုံးဦးအား ဒိုင်နာယာဉ် တစ်စီး အရှိန်မထိန်းနိုင်ဘဲ ၀င်ရောက် တိုက်မိကာ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားပြီး သုံးဦးသေ၊ ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီး ဌာနက သတင်းထုတ်ပြန်သည်။
 
ကလေးမြို့နယ် ကံကြီးကျေးရွာ မြသိန်းတန် ဘုရားပွဲမှ ပွဲကြည့်ပြန်လာ သည့် ဝင်းကို(၂၂)နှစ် (ဘ)ဦးဝင်းစိန် ကံကြီးကျေးရွာ ကလေးမြို့နယ်နေ သူ မောင်းနှင်ပြီး သွင်မင်းခန့် (၁၆)နှစ် ၁၀ တန်း (အထက-ကလေး)၊ (ဘ)ဦးသွင်မျိုးခိုင် မြို့သာရပ်ကွက် ကလေးမြို့နေသူပါ ၁၅ဦး (ကျား ၄၊ မ ၁၁) လိုက်ပါ လာသည့် 4H-xxxx ဒိုင်နာယာဉ်သည် ကလေး-တမူးကား လမ်း မိုင်တိုင်(၁၇/၁၈) စခန်းကြီးကျေးရွာအနီး လမ်းဘေးတွင် လမ်းလျှောက် နေသော ဒေါ်စန်းဌေး(၄၅)နှစ် (ဘ)ဦးသောင်းထွန်း ကံကြီး ကျေးရွာ နေသူပါ ၃ဦး(ကျား ၁၊ မ ၂)တို့အား အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့ကာ ယာဉ်မှာ တိမ်းမှောက်သွားခဲ့ပြီး ယာဉ်မောင်းမှာ ထွက်ပြေး သွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
 
အဆိုပါ ယာဉ်တိုက်မိ တိမ်းမှောက်မှုကြောင့် လမ်းလျှောက်နေ သူ ဒေါ်စန်းဌေးပါ(၃)ဦးတွင် ဦးနှောက်ပွင့်ထွက်၊ ဝမ်းဗိုက် ပေါက်ပြဲဒဏ်ရာ များဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး ယာဉ်ပေါ်ပါ သွင်မင်းခန့်ပါ ၁၅ဦး တို့တွင် ဖူးရောင် ပေါက်ပြဲဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း၊ ယာဉ်မောင်းဖြစ်သူ ဝင်းကို (ဖမ်းမမိ)အား ကလေးမြို့မရဲစခန်းမှ ယာဉ်(ပ)၉၆/၂၀၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ (ပေါ့လျော့မှုကြောင့် လူသေမှု/ ပြင်းထန်/ သာမန် နာကျင်စေမှု)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment