လေးဖြူနှင့် မျိုးကြီး ဦးစီးသည့် Big-9 Online TV စတင်မိတ်ဆက်

မကြာမီ ထုတ်လွှင့်တော့မည် big 9 online TV အစီအစဉ်ကို နိုဝင်ဘာလ ၁ ရက်နေ့က ဆူးလေ (ရှန်ဂရီလာ) ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။
 
big -9 TV online အစီအစဉ်ကို မြန်မာနိုင်ငံ၏ ရော့ခ်ပရိတ်သတ်ပေါင်း များစွာ၏ အားပေးမှုကို ရရှိထားသော Iron Cross အဖွဲ့သားများ ဖြစ်ကြသည့် ပရိသတ်အချစ်တော် လေးဖြူ နှင့် မျိုးကြီးတို့မှ ဦးဆောင် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ Online အစီအစဉ်တွင် သီချင်းအသစ်များ တင်ဆက်ပေးခြင်း၊ ခရီးသွား အစီအစဉ်များ၊ ဖျော်ဖြေ ရေး အစီအစဉ်များကို တိုက်ရိုက် Live လွှင့်ပေးခြင်းများ၊ ခေတ်ရေစီး ကြောင်း အလိုက် ဆန်းသစ်လှသည့် ဖက်ရှင်များအကြောင်း စသည်ဖြင့် အကြောင်းအရာများအပြင် ပရိသတ် စိတ်ဝင်စားစေမည့် အစီအစဉ်ပေါင်း များစွာကို အချိန်နှင့်တစ်ပြေးညီ တင်ဆက်ပေးမည်ဖြစ် သည်။
 
ဂီတလောကသားများ၏ အနုပညာဖန်တီးမှု အရှိန်အဟုန် မြင့်မားလာစေ ရန် ရည်ရွယ်လျက် အဆိုပါအစီအစဉ်ကို ပြုလုပ်ဖြစ်ကြောင်း သိရသည်။
 
Big-9 Online TV ကို စတင်မိတ်ဆက်သည့် အနေဖြင့် ယခုလာမည့် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ပြည်သူ့ရင်ပြင်၌ ပြုလုပ်မည့် ဖျော်ဖြေပွဲကို ပရိသတ်များ တိုက်ရိုက်ကြည့်ရှုနိုင်ရန်အတွက် ၎င်းတို့၏ (Big 9 TV) ဖေ့စ်ဘွတ် စာမျက်နှာတွင် တိုက်ရိုက်ထုတ်လွှင့် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
 
The Ladies News
 

 

Vote: 
Average: 1 (1 vote)

Add new comment