၆၂ နှစ်မြောက် ကရင်ပြည်နယ်နေ့ပွဲတော် ကျင်းပမည်

ကရင်တိုင်းရင်းသားတို့၏ နေ့ထူးနေ့မြတ်ဖြစ်သော ၆၂ နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ်ပွဲတော်ကို နိုဝင်ဘာလ ၇ ရက်နေ့မှစ၍ ငါးရက်တိုင်တိုင် ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။
 
အဆိုပါ ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် ပွဲတော်ကို ဘားအံမြို့၊ သီရိကွင်း၌ ရိုးရာမပျက် စည်ကားသိုက်မြိုင်စွာ ကျင်းပသွားမည်ဖြစ်သည်။
 
ကရင်ပြည်နယ်နေ့ပွဲတော်ကို ပျော်ပွဲရွှင်ပွဲများ၊ ကရင့်ရိုးရာယဉ်ကျေးမှု ဒုံးယိမ်းအကပြိုင်ပွဲများ၊ ဇာတ်သဘင် အကအလှများ၊ မုန်းဈေးရောင်း ပွဲတော်များ၊ ကုန်စည်ပြပွဲများ၊ မြန်မာ-ထိုင်း ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကြီး များ၊ လှေလှော်ပြိုင်ပွဲ၊ ကာယဗလမောင်/မယ်ပြိုင်ပွဲ၊ ဖိတ်ခေါ်ကြက်တောင် ရိုက် ပြိုင်ပွဲ၊ တင်းနစ်ပြိုင်ပွဲ၊ စင်တင်တေးဂီတ ဖျော်ဖြေပွဲများဖြင့် ယခင်နှစ် များထက် ပိုမိုထူးခြားစွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်
 
ကရင်ရိုးရာယဉ်ကျေးမှု ဒုံးအကပြိုင်ပွဲများ၊ မြန်မာ-ထိုင်း ရိုးရာလှက်ဝှေ့ စိန်ခေါ်ပွဲကြီးကို ထိုင်း-မြန်မာ စာချုပ်စိန်ခေါ်ပွဲ ၈ ပွဲ၊ မြန်မာအထူးစာချုပ် စိန်ခေါ်ပွဲ ၂၇ ပွဲ၊ ၁၀ သိန်းအောင်လံ၊ ၇ သိန်းအောင်လံတို့အပြင် မျိုးဆက်သစ်တို့၏ အထူးကြားပွဲများ ပါဝင်မည်ဖြစ်ကာ ဆုကြေးငွေ သိန်း ၈၀၀ ၀န်းကျင် ချီးမြှင့်ပေးမည်ဖြစ်ကြောင်း သိရသည်။
 
လှေလှော်ပြိုင်ပွဲကို အမျိုးသား ၃ တက်လှော်နှင့် ၅ တက်လှော်ပြိုင်ပွဲ၊ အမျိုးသမီး ၃ တက်လှော်နှင့် ၅ တက်လှော်ပြိုင်ပွဲများ၊ ကာယဗလမောင်နှင့် ကာယအလှမယ်ပြိုင်ပွဲများကို ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသွားမည်ဖြစ်ပြီး တေးဂီတ ဖျော်ဖြေပွဲတွင် G Latt ၊ ဝေလ၊ မနော၊ မိစန္ဒိ၊ ပန်းရောင်ခြယ် အစရှိသည့် နာမည်ကျော် တေးသံရှင်များနှင့် ဒေသခံ တိုင်းရင်းသား တေးသံရှင်များ သီဆို ဖျော်ဖြေမည် ဖြစ်ကြောင်းလည်း သိရသည်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment