အဆိုတော်မာရဇ္ဇ၏ တစ်ကိုယ်တော်ဖျော်ဖြေပွဲ ကျင်းပမည်

အဆိုတော် မာရဇ္ဇ၏ လေးကြိမ်မြောက် တစ်ကိုယ်တော် ဖျော်ဖြေပွဲကို အောက်တိုဘာလ ၂၀ ရက်နေ့တွင် ရန်ကုန်မြို့၊ ကန်တော်ကြီးဥယျာဉ်၊ မျှော်စင်ကျွန်း၌ မွေးနေ့အမှတ်တရ တစ်ကိုယ်တော် ဖျော်ဖြေပွဲတစ်ရပ် ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။
 
မာရဇ္ဇအနေဖြင့် ယခုနှစ် အောက်တိုဘာ ၂၀ ရက်တွင် အသက် ၅၀ ပြည့်မည်ဖြစ်ကာ မွေးနေ့အမှတ်တရ ဖျော်ဖြေပွဲအဖြစ် ကျင်းပခြင်းဖြစ် သည်။ အဆိုပါ တစ်ကိုယ်တော် ဖျော်ဖြေပွဲတွင် သီချင်းအပုဒ်ရေ သုံးဆယ်ခန့် သီဆိုဖျော်ဖြေသွားမည် ဖြစ်ပြီး မွေးနေ့၊ မွေးလ တိုက်ဆိုက်ခြင်းကြောင့် ကျင်းပဖြစ်ခြင်းဟုလည်း အဆိုတော် မာရဇ္ဇက ဆိုသည်။
 
အဆိုတော် မာရဇ္ဇသည် ၁၉၈၄-၈၅ ခုနှစ်မှစ၍ ဂီတလောကသို့ ဝင်ရောက်ခဲ့ပြီး ကဉ္ဇနာ ၊ ဆွဲအား၊ မုန်းခိုင်းတိုင်း မမုန်းနိုင်ဘူး၊ အိပ်ရေးပျက်၊ ဝေးဝေးကလွမ်း၊ မျှော်လင့်ခြင်းလမင်း စသည့် သီချင်းကောင်းများစွာဖြင့် ပရိသတ်များအကြား ရေပန်းစားနေခဲ့သူ တစ်ဦးဖြစ်သည်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment