ဘင်္ဂလီများ၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် စစ်တွေမြို့သို့ ရွှေ့ပြောင်း လာသော ဒုက္ခသည်ဦးရေ ၄၀၀၀ ကျော်ရှိကြောင်း ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ပြောကြား

ASRA အကြမ်းဖက် သမားများ၏ တိုက်ခိုက်မှုကြောင့် ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောဒေသမှ နေရပ်စွန့် ခွာ ထွက်ပြေးလာသူ ဒုက္ခသည် ဦးရေမှာ ယခုအခါ စစ်တွေမြို့တွင် ၄၀၀၀ ကျော်ရှိနေကြာင်း ရခိုင်ပြည်နယ်အ စိုးရအဖွဲ့ ၏ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ် စည်ပင်သာယာရေး ၀န်ကြီး ဦးမင်းအောင်က The Ladies News သို့ စက်တင်ဘာ ၉ ရက်က ပြောကြားသည်။
 
နေရပ်စွန့်ခွာ ထွက်ပြေးလာသူ ၄၀၀၀ ကျော်ကို စစ်တွေမြို့ရှိ ဘုန်းတော်ကြီး ကျောင်းပေါင်း ၂၀ တွင် ခေတ္တနေရာ ချထားပေးထားပြီး ၄င်းတို့၏ လိုအပ်ချက်များကို ပြည်နယ်အစိုးရ၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာ အဖွဲ့အစည်းများက တာဝန်ဆောင်ရွက်ပေးနေသည်ဟု ဦးမင်းအောင်က ပြောကြားသည်။
 
"မိုးတွင်းကာလဖြစ်တော့ သီးသန့်  Camp အနေနဲ့ လုပ်ဖို့က ခက်တယ်။ ဒီမှာ ရှိတဲ့ဘုန်းကြီးကျောင်း ၂၀ ကျော်မှာ တစ်ကျောင်းချင်းဆီကို ဌာန ဆိုင်ရာ ဦးစီးဌာနတွေကို တာဝန်ပေးထားတယ်` ဟု ၄င်းကပြောကြား သည်။
 
ဒုက္ခသည်များ နေရပ်ပြန်နိုင်ရေးအတွက် လုံခြုံရေး အခြေအနေကို ဦးစားပေး ဆောင်ရွက်နေပြီး ပျက်စီးနေသည့် လမ်း၊ တံတားများ ပြင်ဆင်ရေးကိုပါ တစ်ပြိုင်နက်တည်း လုပ်ဆောင်နေသည်ဟု ဦးမင်းအောင်က ပြောသည်။
 
"ကျွန်တော်တို့ ပြည်နယ်အစိုးရ အဖွဲ့ကတော့ နယ်စပ်ရေးနဲ့ လုံခြုံရေးရာ ၀န်ကြီးက မောင်တောမှာ အထိုင်ချပြီး စီမံခန့် ခွဲနေတာရှိပါတယ်။ ပြည်ထောင်စုကလည်းပဲ စကထ မှူးတွေ လာပြီး အထိုင်ချပြီး
စီမံဆောင်ရွက်နေတာ ရှိပါတယ်" ဟု ၄င်းက ပြောကြားသည်။
 
အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် ရခိုင်ပြည်နယ် မောင်တောဒေသ တွင် နေထိုင်သူများသည် နေရပ်စွန့် စွာ၍ နယ်စပ်ဧရိယာ အပါအ၀င် လုံခြုံသည့် နေရာများတွင် ခိုလှုံလျက်ရှိပြီး အကြမ်းဖက် တိုက်ခိုက်မှု များကြောင့် ပြည်တွင်း နေရပ်စွန့် ခွာသူ တိုင်းရင်းသား ၂၆၇၄၇ ဦး ရှိကြောင်း အစိုးရသတင်း ထုတ်ပြန်ရေးကော်မတီက စက်တင်ဘာ ၅ ရက် ရက်စွဲဖြင့် သတင်းထုတ်ပြန် ထားသည်။
 
အောင်ရဲနောင်
The Ladies News

 

Vote: 
No votes yet

Add new comment