ပရီးမီးယားလိဂ် သြဂုတ်လ တစ်လတာ အကောင်းဆုံးဆုများ

ပရီးမီးယားလိဂ် သြဂုတ်လ တစ်လတာ အကောင်းဆုံးနည်းပြဆုကို ဒေးဗစ်ဝါခ့်နာ (ဟတ်ဒါ ဖီးလ်စ်တောင်း အသင်း) တန်းတက်အသင်းကို ပရီးမီးယားလိဂ် ၃ ပွဲ ယှဉ်ပြိုင်ကစားအပြီးတွင် နှစ်ပွဲနိုင် တစ်ပွဲ သရေကျခြင်းဖြင့် အသင်းကို ယင်းသို့ ကိုင်တွယ်နိုင်ခဲ့ခြင်းကြောင့် အကောင်းဆုံးနည်းပြဆုကို ရရှိခဲ့ခြင်း ဖြစ်သည်။
 
သြဂုတ်လ တစ်လတာ အကောင်းဆုံး ကစားသမားဆုကို လီဗာပူးလ်အသင်းမှ မာနေးက ရရှိခဲ့ပြီး လီဗာပူးလ် အသင်း၏ ပရီးမီးယားလိဂ် ၃ ပွဲလုံးတွင် သွင်းဂိုးများ သွင်းနိုင်ခဲ့ကာ အကောင်းဆုံး ခြေစွမ်းပြနိုင်ခြင်းကြောင့် အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့သည်။
 
ယင်းအပြင် ပရီးမီးယားလိဂ် သြဂုတ်လ တစ်လတာအတွက် အကောင်းဆုံးသွင်းဂိုးဆုကို ဘုန်းမောက်အသင်းမှ ဒယ်နီရယ်လ်စ်က ရရှိခဲ့ပြီး မန်စီးတီး နှင့်ပွဲစဉ်တွင် ၄င်းသွင်းယူခဲ့သည့် သွင်းဂိုးဖြင့် အဆိုပါဆုကို ရရှိခဲ့ခြင်းလည်း ဖြစ်သည်။
 
The Ladies News

 

Vote: 
No votes yet

Add new comment