ရခိုင်ပြည်နယ်မှ ၀င်ရောက်နိုင်သည့် ပြည်မြို့အဝင် နဝဒေးတံတား လုံခြုံရေးယူ စစ်ဆေး

ရခိုင်ပြည်နယ်မှ ပဲခူးတိုင်းဒေသကြီး ပြည်မြို့သို့ ၀င်ရောက်နိုင်သည့် န၀ဒေးတံတားဂိတ်တွင် လုံခြုံရေးယူကာ စစ်ဆေးမှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။
 
ရခိုင်ပြည်နယ်ဘက်မှ အကြမ်းဖက် ဘင်္ဂလီများနှင့် တရားမ၀င် ခိုးဝင်ဘင်္ဂလီများ ၀င်ရောက်လာနိုင်ခြင်းကြောင့် ယင်းသို့ လုံခြုံရေးအရ စစ်ဆေးမှုများ ဆောင်ရွက်နေရခြင်း ဖြစ်ကြောင်း ပြည်မြို့ခံတစ်ဦးက ပြောသည်။
 
စစ်ဆေးမှုကို ပြည်မြို့ပေါ်ရှိ တာဝန်ရှိသူများနှင့် အရပ်ဘက် အဖွဲ့ အစည်း များ ပူးပေါင်း လုပ်ဆောင်ခြင်းဖြစ်ကာ ပြည်မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနတာဝန်ရှိသူများ၊ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် ပြည် မြို့နယ် တည်ငြိမ်သာယာရေး အထောက် အကူပြု အဖွဲ့များ ပူးပေါင်းပါဝင်ကြောင်း သိရသည်။
 
ရခိုင်ပြည်နယ် တောင်ကုတ်ဘက်မှ ဝင်လျှင် ပြည်ခရိုင် ပန်းတောင်း မြို့နယ် ညောင်ကျိုးဘက်မှ ဖြတ်သန်း ဝင်ရောက်နိုင်ကာ ရခိုင်ပြည်နယ် အမ်းဘက်မှ မကွေးတိုင်းဒေသကြီး ပဒါန်းဂိတ် ကိုဖြတ်သန်းပြီး ပုသိမ်-မုံရွာ လမ်းမှတစ်ဆင့် ဝင်ထွက် နိုင်သောမြို့ဖြစ် သဖြင့် လုံခြုံရေး အနေအထားအရ သတိထားရမည့် မြို့တစ်မြို့ဖြစ် ကြောင်း သိရသည်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment