ယီမင်နိုင်ငံတွင် အမေရိကန် ဘလက်ခ်ဟော ရဟတ်ယာဉ်ပျက်ကျ လေယာဉ်အမှုထမ်းတစ်ဦးပျောက်ဆုံး

လေ့ကျင့်ရေးလုပ်ဆောင်နေစဉ်အတွင်း ယီမင် တောင်ကမ်းရိုးတန်း ဒေသတွင် အမေရိကန်စစ်တပ်၏ ဘလက်ခ်ဟော့ခ်ရဟတ်ယာဉ်ပျက်ကျပြီး လေယာဉ်အမှုထမ်းတစ်ဦး ပျောက်ဆုံးနေကြောင်း တာဝန်ရှိသူများက ပြောသည်။

အခြား ၅ ဦးမှာ လေယာဉ်တင်သင်္ဘောပေါ်သို့ ကယ်ဆယ်ပြီးနောက် ရောက်ရှိနေပြီးဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စု ဗဟိုစစ်ဌာနချူပ်ရုံးက ထုတ်ပြန်ချက်တွင် ဆိုထားသည်။

ရဟတ်ယာဉ်ပျက်ကျမှုသည် သောကြာနေ့ သြဂုတ်လ ၂၅ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။ အဆိုပါ မတော်တဆမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ဆိုသည်။

အဆိုပါလေယာဉ်ပျက်ကျမှုတွင် အခြား အထူးတပ်ဖွဲ့ဝင်များ ပါဝင်ခြင်းရှိမရှိ မေးမြန်းရာတွင် အမေရိကန်ပြည်ထောင်စု ဗဟိုစစ်ဌာနချူပ်ရုံးက“ဒီလေ့ကျင်ရေးက အမေရိကန်စစ်တပ်ရဲ့ ပုံမှန်လုပ်ရိုးလုပ်စဉ် လေ့ကျင့်ရေးဆင်းတာပါပဲ”ဟု ပြောသည်။

Ref:AP
စိုင်းဟန်
The Ladies News

 

Vote: 
No votes yet

Add new comment