မြောက်ကိုရီးယားက တာတိုပစ်ဒုံးပျံသုံးစင်း ပစ်လွှတ်ကြောင်း အမေရိကန်စစ်တပ်ပြော

တောင်ကိုရီးယား-အမေရိကန် စစ်ရေးပူးတွဲလေကျင့်နေသည့်နေရာ အနီးရှိ ပင်လယ်အတွင်းသို့ မြောက်ကိုရီးယားက တာတိုပစ် ပဲ့ထိန်းဒုံးပျံသုံးစင်း ပစ်လွှတ်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်စစ်တပ် တာဝန်ရှိသူများက ဆိုသည်။

အမေရိကန်စစ်တပ်၏ ပစိဖိတ် စစ်တိုင်းဌာနချူပ်က တာတိုပစ် ပဲ့ထိန်းဒုံပျံးသုံးစင်းအား Kittaeryong အနီးမှ ကိုရီးယားစံတော်ချိန် သောကြာနေ့ ညနေ ၅း၄၉ နာရီခန့်နှင့် ၁၂း၁၉ နာရီအကြား ပစ်လွှတ်ကြောင်း ဆိုသည်။

မြောက်ကိုရီးယား၏ ဒုံးပျံနှစ်စင်းသည့် နိုင်ငံ၏ အရှေ့ဘက်ကမ်းရိုးတန်း ကီလိုမီတာ ၂၅၀(၁၅၅မိုင်)သို့ ပစ်လွှတ်ခဲ့ခြင်းဖြစ်ပြီး တစ်လုံးမှာ ပစ်လွှတ်ပြီး မကြာမီ ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်စစ်တပ်ကပြောသည်။

ယခုလ အစောပိုင်းက မြောက်ကိုရီးယားမှ အမေရိကန်နိုင်ငံပိုင် ဂူအမ်ကျွန်းအား မီးပင်လယ်ဖြစ်အောင်လုပ်ပစ်မှု ခြိမ်းခြောက်မှုများ ရှိသည်။ သို့သော်လည်း ပစိဖိတ်စစ်တိုင်းဌာနချူပ်က လတ်တလော ပစ်ခတ်မှုအား ကြည့်ခြင်းဖြင့် အမေရိကန်ပြည်ထောင်စုနှင့် ကျွန်းအား ခြိမ်းခြောက်နိုင်မည်မဟုတ်ကြောင်း အမေရိကန်မြောက်ပိုင်း လေကြောင်းရန်ကာကွယ်စစ်ဌာနချူပ် သုံးသပ်ထားကြောင်း ဆိုသည်။

Ref: The Independent
စိုင်းဟန်
The Ladies News

 

Vote: 
No votes yet

Add new comment