Galaxy Star 2017 ၏ Top 10 ယှဉ်ပြိုင်မှု သြဂုတ် ၁၁ တွင် ပြုလုပ်မည်

သြဂုတ်လ ၁၁ ရက်နေ့တွင် Galaxy Star 2017 ၏ Top 10 ယှဉ်ပြိုင်မှုကို ပြုလုပ်ကျင်းပမည်ဖြစ်ကာ MRTV 4 မှ တိုက်ရိုက် ထုတ်လွှင့်ပြသမည် ဖြစ်ကြောင်း သိရသည်။
 
အော်ရီဒူးက အဓိက ပံ့ပိုးထားသည့် Galaxy Star 2017 ပြိုင်ပွဲတွင် Winner ဆုအဖြစ် ကျပ် သိန်းတစ်ထောင်နှင့်အတူ Music Album တေးစီးရီး ထုတ်ပေးမည်ဖြစ်ကာ နိုင်ငံတကာ Show ပွဲများတွင်လည်း အောင်မြင်အောင် ပြုလုပ်ပေးမည် ဖြစ်ကြောင်းလည်း သိရသည်။
 
သြဂုတ်လ ၁၁ ရက်နေ့ Top 10 တွင် ယှဉ်ပြိုင်မည့်သူများတွင်
Sel Sel- voting number 1
Boy group - voting number 2
Mee No- voting number 3
Han Lin Naing - voting number 4
John Thanga- voting number 5
Saw Eh Say Moo - voting number 6
Honey Tun Wai- voting number 7
Lar Dint Htar Yi - voting number 8
San Thu Aung- voting number 9
Nay Min Eain- voting number 10
တို့ Winner ဆုအတွက် ယှဉ်ပြိုင် သီဆိုကြမည် ဖြစ်သည်။
 
Galaxy Star 2017 သီချင်းဆိုပြိုင်ပွဲ Top 10 ယှဉ်ပြိုင်မှုတွင် Voting ပေးသူများအနေဖြင့် Ooredoo SIM card တစ်ခုတည်းဖြင့်သာ vote ပေးနိုင်ပြီး 1 SIM ကို 1 vote ဖြစ်ကြောင်း သိရသည်။ 9900 သို့ SMS ပေးပို့ရမည်ဖြစ်ပြီး မိမိအားပေးသူ သီဆိုယှဉ်ပြိုင်ချိန်အတွင်းသာ vote ပေးရမည် ဖြစ်သည်။ Facebook မှလည်း 1 account ကို1 vote ဖြင့် Voting များ ပေးနိုင်ကြောင်း သိရသည်။
 
Galaxy Star 2017 သီချင်းဆိုပြိုင်ပွဲ ဒိုင်များအဖြစ် အဆိုတော် ဂရေဟမ်၊ ဖိုးကာ၊ J Me၊ ဆုန်သင်းပါ နှင့် ဖြူဖြူကျော်သိန်း တို့က ဆောင်ရွက်ပေး ထားသည်။
 
The Ladies News

 

Vote: 
No votes yet

Add new comment