လူမှုကွန်ရက်တွင် နာမည်ကြီးနေသည့် သရုပ်ဆောင် အိချောပို

ဖေ့စ်ဘုတ် လူမှုကွန်ရက်တွင် သရုပ်ဆောင် အိချောပို ၏ ဗီဒီယိုရိုက်ကွင်း ပုံရိပ် တချို့ အပေါ် အမျိုးသားနှင့် အမျိုးသမီး တို့က ၄င်းတို့၏ ထင်မြင် ယူဆချက်များနှင့် ပတ်သက်ပြီး ဝေဖန်မှုများနှင့် ပင်ကိုယ်အလှတို့အပေါ် အကောင်းမြင်သူတို့ အကြား အမျိုးမျိုးသော ကွန်းမန့်ရေးသား ဖော်ပြချက် တို့ကို တွေ့မြင်ရသည်။
 
အဆိုပါ ရေးသားချက်များတွင် “လူတွေကလည်း တယ်ခက်ပါလား၊ သူ့ရှိလို့လှလို့ လူမြင်တာ - င်ပြတယ်ဆိုပါလား၊ အခြားမင်းသမီးတွေလို ဘီကီနီဝတ်ပြီး သပ်သပ်ပြနေတာလည်း မဟုတ်၊ ချစ်ဖို့ကောင်းပြီး စိတ်ထားဖြူစင်တဲ့ အိချောပိုက နဂိုရှိလို့ မြင်သာနေတာကို ဖောင်းထုနေ တာ မြင်မကောင်းဘူး” ဟု အိချောပိုကိုချစ်သည့် ပရိသတ်တစ်ဦးက ကွန်းမန့်ရေးသားထားသည်။
 
အဆိုပါ ရိုက်ကွင်းဓာတ်ပုံများမှာ ဒါရိုက်တာ ရာဇ၀င်ကို ရိုက်ကူးသည့် "နားထိုင်းတို့ရွာ" ရိုက်ကွင်းမှ သရုပ်ဆောင် မြတ်သူကျော် နှင့် အိချောပို ရိုက်ကွင်းပုံရိပ်များဖြစ်ပြီး အဆိုပါ ရိုက်ကွင်းပုံရိပ် ဓာတ်ပုံများကို share ပြုလုပ်သူ ထောင်ကျော်ရှိပြီး comment ရေးသားသူပေါင်း ငါးရာကျော်နှင့် like နှင့် reacted လုပ်သူပေါင်း 67 K အထိ ရှိသည်။
 
“ခုနှစ်က တနင်္ဂနွေနာမည်တွေ ဆန်းတက်နေသလိုပဲ။ ဘာဖြစ်လို့လဲဆို အေးသောင်း ဆိုပြီး သရုပ်ဆောင် အေးဝတ်ရည်သောင်း က လူမှုကွန်ရက်ကနေ ပရိသတ်အကြား ရေပန်းစားလာတယ်၊ ခုလည်း မြန်မာဝတ်စုံနဲ့ အိချောပို ရဲ့ ရိုက်ကွင်းပုံရိပ်တချို့ လူမှုကွန်ရက်မှာ နာမည်ကြီး နေပြန်တယ်” ဟု ဗီဒီယိုဇာတ်ရံ သရုပ်ဆောင် တစ်ဦးက ပြောသည်။
 
Photo – Myanmar Celebrity
The Ladies News
 

 

Vote: 
No votes yet

Add new comment