၄၈ နာရီအတွင်း မုန်တိုင်းငယ်အဆင့်သို့ ရောက်နိုင်၊ နေရာအတော် များများတွင် မိုးကြီး၊ ထစ်ချုန်းရွာနိုင်

မေလ ၂၇ ရက် နံနက်ပိုင်း မိုးဇလ၏ တိုင်းတာချက်များအရ ဘင်္ဂလား ပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအား နည်းရပ်ဝန်းသည် ဆက်လက် တည်ရှိနေသည်။ အဆိုပါ လေဖိအားနည်း ရပ်ဝန်းသည် နောက် ၄၈ နာရီအတွင်း ပိုမိုအားကောင်း လာကာ မုန်တိုင်းငယ် (Depression) တစ်ခုအဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်း နေပါသည်။
 
ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကျန်ဘင်္ဂလား ပင်လယ်အော် တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။
 
ယနေ့ညနေထိ ခန့်မှန်းချက်အနေဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် နေရာ အနှံ့အပြား၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ် တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာပြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန် ရာနှုန်း ၈၀ ဖြစ်သည်။
 
မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး၊ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင် ပါသည်။ မိုးသက် လေပြင်းကျစဉ် ရေပြင်/ မြေပြင် လေသည် တစ်နာရီ လျှင် ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ ကျန်မြန်မာ့ပင်လယ်ပြင် တွင် လှိုင်းအသင့်အတင့် ရှိမည်။
 
နောက် ၂ ရက်အတွက် ခန့်မှန်းချက်အနေဖြင့် အနောက်တောင် မုတ်သုံလေ သည် မြစ်ဝကျွန်းပေါ် ဒေသများသို့ ဝင်ရောက်နိုင်သည်ဟု မိုးဇလက ထုတ်ပြန်ထားသည်။
 
ထို့အတူ မိုးဇလပညာရှင် ဒေါက်တာထွန်းလွင်ကလည်း ဘင်္ဂလား ပင်လယ်အော် တောင်ပိုင်းမှ လေဖိအားနည်း ရပ်ဝန်အနေဖြင့် ဆက်လက် အားကောင်းလာနေပြီး ၂၈-၅-၂၀၁၇ ရက်၊ ညနေပိုင်းတွင် မုန်တိုင်းငယ် အဆင့်ကို ရောက်ရှိလာနိုင်သည်ဟုလည်း ခန့်မှန်းထားသည်ကို ၄င်း၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် တွေ့ရသည်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment