အဆိုတော် လင်းလင်း၏ ONE Man Show မန္တလေးမြို့တွင် ပထမဆုံးအကြိမ် ပြုလုပ်မည်

အဆိုတော် လင်းလင်း၏ ROCK FOR MANDALAY one man show ကို မင်္ဂလာ မန္တလေး ကားပါကင် အပေါ်ဆုံးထပ်တွင် အောက်တိုဘာ(၂)ရက် ည(၇း၀၀)နာရီတွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။
 
"ခုံမဲ့ကို ဦးရေကန့်သတ်မထားပါဘူး။ အပြည့်အဝ ရောင်းမှာပါ။ သူတို့အတွက် အဓိက ပြင်ဆင်ထားတာပါ။ one men show ကျတော့ ကိုယ့်အားပေးတဲ့ ပရိတ်သတ်လာတာဆိုတော့ စိတ်ကြိုက်ဆိုလို့ရတယ်။"ဟု အဆိုတော် လင်းလင်းကပြောသည်။
 
ROCK FOR MANDALAY one man show တွင် လာရောက်အားပေးသူများအတွက် ခုံမဲ့လက်မှတ် တစ်စောင်လျှင် (၇၀၀၀)ကျပ်၊ VIP လက်မှတ်(၃၀၀၀၀)ကျပ်နှင့် (၂၀၀၀၀) ကျပ်ဖြစ်ကာ VIP လက်မှတ်တွင် ခုံ(၄၀၀)ဝန်းကျင်သာ သတ်မှတ်ထားကြောင်း သိရသည်။
 
လက်မှတ်များကို စက်တင်ဘာလ ၂၀ ရက်တွင် မန်းသီရီတေးသံသွင်း လမ်း ၃၀ ၊ ၈၀ × ၈၁ လမ်းကြားနှင့် ဖုန်းနံပါတ် ၀၉- ၉၇၅၇၆၈၀၀၀ တို့တွင် ကြိုတင်ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
 
"လာတဲ့ပရိတ်သတ်တွေကို အယောက်သုံးရာ၊ လေးရာ၊ ငါးရာလောက်ဖြစ်မလား မသိဘူး။ ကျွန်တော့် လက်မှတ်ထိုးထားတဲ့ တီရှပ်လက်ဆောင်ပေးဖို့ စီစဉ်နေတုန်းပါ။ နောက်ပြီး သံမဏိလိပ်ပြာ DVD ထဲက ၁ ပုဒ် ဒါမှမဟုတ်၂ ပုဒ်ပါတဲ့ ချင်းပြည်မှာ ရိုက်ထားတဲ့ DVD၊ CD ချပ် (၁၀၀၀)ဝန်းကျင်ကို ပရိတ်သတ်တွေကို မေတ္တာလက်ဆောင် ပေးဖို့ရှိပါတယ်"ဟု အဆိုတော် လင်းလင်းကပြောသည်။
 
ROCK FOR MANDALAY one man show တွင် အဆိုတော်လင်းလင်း အနေဖြင့် သီချင်းပုဒ်(၃၀) သို့မဟုတ် (၃၅)ပုဒ် ဆက်တိုက်သီဆိုမည် ဖြစ်ပြီး show ခရီးစဉ်အဖြစ် မန္တလေးမြို့တွင် ပထမဆုံးကျင်းပခြင်းဖြစ်ပြီး မကွေး၊ မုံရွာ၊ တောင်ကြီး၊ ရန်ကုန်စသည့်မြို့များတွင် ဆက်လက် ဖျော်ဖြေသွားမည်ဖြစ်သည်။
 
MMK
The Ladies News
 

Vote: 
No votes yet

Add new comment