သုံးနှစ်ကျော် အချိန်ယူ ပြင်ဆင်လာသည့် ပူစူး၏ ရင်ခုန်ဖော် ရင်ခုန်ဖက် မြင်တွေ့ရတော့မည်

အဆိုတော်ပူစူး၏ ဒုတိယမြောက် တစ်ကိုယ်တော် တေးစီးရီးဖြစ်သည့် ရင်ခုန်ဖော် ရင်ခုန်ဖက် အမည်ရှိ တေးစီးရီးကို ဇန်နဝါရီ ၂၈ ရက်တွင် The Sun Music Production က ဖြန့်ချိသွားမည် ဖြစ်ကြောင်း သိရှိရသည်။ အဆိုတော်ပူစူးမှာ ဂီတလောကနှင့် ခြောက်နှစ်ကျော် ကင်းကွာနေခဲ့ရာမှ ယခုဖြန့်ချိမည့် ရင်ခုန်ဖော် ရင်ခုန်ဖက် အမည်ရှိ အော်ဒီယိုတေးစီးရီးနှင့်ဂီတလောကကို ပြန်လည် ခြေချလာခဲ့ခြင်း ဖြစ်ကြောင်း ဇန်နဝါရီ ၂၂ ရက်က Orchid Hotel ၌ ကျင်းပခဲ့သည့် စာနယ်ဇင်း မိတ်ဆက်ပွဲမှ သိရှိရသည်။  ‘‘ကျွန်တော် ဒီအခွေကို ပြင်ဆင်ချိန် သုံးနှစ်ကျော် ကြာပါတယ်။ ကျွန်တော်ရေးထားတာ ခြောက်ပုဒ်ပါတယ်။ ရင်ခုန်ဖော် ရင်ခုန်ဖက်လို့ Title ပေးဖြစ်တာက ငယ်ငယ်က ကစားရင် ကစားဖော် ကစားဖက်ဆိုတာ ရှိတယ်လေ။ အဲ့ဒီအကြောင်းကိုတွေးပြီး ရင်ခုန်ဖော် ရင်ခုန်ဖက်ဆိုပြီး ပေးဖြစ်တာပါ။ ဒီသီချင်းကို မဆိုင်းဇီနဲ့အတွဲဆိုထားပါတယ်။ နောက်ပြီး သီချင်းတချို့ကိုလည်း My Music Store ကနေရောင်းချဖို့ ပြင်ဆင်ထားပါတယ်’’ဟု အဆိုတော်ပူစူးက ပြောသည်။  ပူစူး၏ ရင်ခုန်ဖော် ရင်ခုန်ဖက် တေးစီးရီးတွင် သီချင်း ၁၂ ပုဒ်ပါဝင်ထားပြီး တေးရေးများအဖြစ် ပူစူး၊ အောင်ကိုမြင့်၊ နန္ဒ၊ သုအောင်၊ ချမ်းမြေ့၊ အယ်ခန့်တို့ ပါဝင်ရေးသားထားကြောင်း သိရှိရသည်။  အဆိုတော်ပူစူးသည် ဂီတလောတွင် အတွဲသီချင်းခွေများမှ အောင်မြင်မှုရခဲ့ပြီး ၎င်း၏ ပထမဆုံး တစ်ကိုယ်တော် တေးစီးရီးဖြစ်သော တစ်မိုးအောက် အမည်ရှိ တေးစီးရီးကို ၂၀၀၉ ခုနှစ်က ဖြန့်ချိထားသည်။ သတင်း - MMKThe Ladies News Journal 

 

Vote: 
No votes yet

Add new comment