ကမ္ဘာ့တိရစ္ဆာန်များနေ့ အထိမ်းအမှတ် ပထဆုံးအကြိမ်အဖြစ် ရန်ကုန်မြို့တွင် ကျင်းပ

မြန်မာနိုင်ငံတွင် ပထမဦးဆုံး အကြိမ်အဖြစ် ကမ္ဘာ့တိရစ္ဆာန်များနေ့ World Animal Day တွင် အထိမ်းအမှတ် အဖြစ် Global March Of Elephants & Rhinos အခမ်းအနားကို အောက်တိုဘာ ၃ ရက်နေ့တွင် ကန်တော်ကြီး မျှော်စင်ကျွန်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည် ။

“အစ်မတို့ ဒီပွဲလေးကို ကျင်းပဖြစ်တာကတော့ မြန်မာနိုင်ငံမှာ တိရစ္ဆာန်တွေ သတ်ဖြတ်ခံနေရတယ် ။ ပြည်သူတွေက သူတို့လေးတွေကို ချစ်ပြီး ထိန်းသိမ်းပေးဖို့ အသိပေးချင်တာကြောင့်ပါ ။ ကျွန်မတို့ စေတနာ့ ဝန်ထမ်းတွေက နှိုးဆော်လို့ပဲ ရတယ် ။ ကျန်တာကတော့ အစိုးရနဲ့ ပြည်သူ ပူးပေါင်းပြီး တိရစ္ဆာန်ကုန်ကူးတာကို ဥပဒေအရ တားဆီးဖို့ လိုအပ်နေပါပြီ” ဟု မြန်မာနိုင်ငံဆိုင်ရာ Save Elephant Foundation မှ သံတမန် မစံပယ်က ပြောသည် ။

အဆိုပါ အခမ်းအနားကို ထိုင်းနိုင်ငံ ၊ ချင်းမိုင်မြို့တွင် အခြေစိုက်သည့် Save Elephant Foundation မှ စီစဉ်ကာ ပြုလုပ်ခြင်းဖြစ်ပြီး နိုင်ငံကျော် အနုပညာရှင်များနှင့် တိရစ္ဆာန်ချစ်သူ ၅၀၀ ဝန်းကျင်ခန့် တက်ရောက်ခဲ့ကြောင်း သိရသည် ။

''အစ်မတို့ မိသားစုအားလုံးက တိရစ္ဆာန် တအားချစ်တယ် ။ ဒါကြောင့် ဒီပွဲမှာ တစ်တပ်တစ်အား ပါဝင်ဖြစ်တာပါ ။ အစ်မအနေနဲ့ လူသားတွေ အားလုံးက တိရစ္ဆာန်လေးတွေကို ကိုယ်နဲ့ ကိုယ်ချင်းစာပြီး ထိန်းသိမ်း စောင့်ရှောက်ကြပါ ။ သတ်ဖြတ်တာတွေ ၊ ရောင်းချတာတွေ မလုပ်စေချင်ဘူး ။ မြန်မာနိုင်ငံ အတွက်က ဝယ်လိုအားကို လျှော့ချနိုင်မှသာ ပြည်တွင်းက သတ်ဖြတ် ရောင်းချမှုတွေ နည်းသွားမှာပါ ။ ဒါကို ထိန်းချုပ်နိုင်ဖို့လိုတယ်'' ဟု အခမ်းအနား တက်ရောက်သည့် အဆိုတော်ငယ်ငယ်က ပြောသည် ။

Save Elephant Foundation သည် လက်ရှိအချိန်တွင် ဆင်ကောင်ရေ ၇၀ ခန့်နှင့် အခြားသတ္တဝါများ ကို ထိန်းသိမ်း စောင့်ရှောက်နေသော အဖွဲ့အစည်းဖြစ်ပြီး အောက်တိုဘာ ၃ ရက်နေ့တွင် ကျရောက်သည့် World Animal Day အခမ်းအနားကို ကမ္ဘာ့နိုင်ငံပေါင်း ၁၃၀  တွင် ကျင်းပနေကြောင်း သိရသည် ။

သတင်း MMK

The Ladies News Journal

Vote: 
No votes yet

Add new comment