ဗုံးပေါက်ကွဲမှုရက်မတိုင်မီ ထိုင်းနိုင်ငံသို့လာရောက်သည့် တူရကီနိုင်ငံသားစာရင်းကို စစ်ဆေးနေဟုဆို

လူ ၂၀ သေဆုံးခဲ့ရသည့် ဘန်ကောက်ဗုံးခွဲတိုက်ခိုက်မှု မတိုင်မီ ရက်များအတွင်း တူရကီနိုင်ငံသားများ ရောက်ရှိမှုမှတ်တမ်းများကို မိမိတို့ ကြည့်ရှုနေကြောင်း ထိုင်းရဲတပ်ဖွဲ့က ကြာသပတေးနေ့တွင် ပြောကြားလိုက်သည်။

သြဂုတ် ၁၇ တွင်ဖြစ်ပွားခဲ့သည် ဗုံးကွဲပေါက်ကွဲမှုသည် တရုတ်အစိုးရ တရားစီရင်ရေးကို မကျေနပ်သည့် တရုတ်နိုင်ငံအနောက်ပိုင်း တူရကီစကားပြော မွတ်ဆလင် အူဂါလူနည်းစုတို့နှင့် အဆက်အစပ်ရှိနိုင်သည်ကို ထိုင်းရဲတပ်ဖွဲ့နှင့် လုံခြုံရေးလေ့လာဆန်းစစ် သူတို့က သတိပြုမိလာကြသည်။

အာရှသား ခရီးသွားများအကြား ကျော်ကြားသည့် အီရာဝန် ဟိန္ဒူနတ်ကွန်း ဗုံးကွဲမှုကြောင့် လူ ၂၀ သေဆုံး ခဲ့ရပြီး ၎င်းတို့အနက် ထက်ဝက်ကျော်မှာ နိုင်ငံခြားသားများ ဖြစ်သည်။

ထိုင်းနိုင်ငံအတွင်းရှိ အူဂါ ၁၀၀ ကျော်ကို ပြီးခဲ့သည့်လအတွင်းက တရုတ်နိုင်ငံသို့ ပြန်လည် ပို့ဆောင်ပေးခဲ့ရာ လူ့အခွင့်အရေး အဖွဲ့များ၏ ပြစ်တင်မှုနှင့် အစ်္စတန်ဘူရှိ ထိုင်းကောင်စစ်ဝန်ရုံး အပြင်ဘက်တွင် ဆန့်ကျင်ဆန္ဒပြမှု ဖြစ်ပွားစေခဲ့သည်။ အူဂါများအပေါ် ဤသို့ ပြုမူဆက်ဆံလိုက်ခြင်းသည် ယဉ်ကျေးမှုနှင့် ဘာသာရေးနောက်ခံများ တူညီသည်ဟုသတ်မှတ် ထင်မြင်ထားသည့်   တူရကီအများစုအတွက် အရေးကြီးသည့် ပြဿနာတစ်ခုဖြစ်စေခဲ့သည်။

ဗုံးကွဲမှု မတိုင်မီ ၂ ပတ်တွင် နိုင်ငံတွင်း ၀င်ရောက်ခဲ့သည့် တူရကီ ၁၅ ဦးမှ ၂၀ ဦးအထိ ရဲတပ်ဖွဲ့က စုံစမ်းနေသည်ဟု ထိုင်းမီဒီယာက အစီရင်ခံခဲ့သည်။

တူရကီများ ပါဝင်ပတ်သက်နေကြောင်း ထိုင်းမီဒီယာ၏ သတင်းအစီ ရင်ခံမှုများကို မိမိသတိပြုကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ တန်ဂျူဘီဂျစ်က ပြောကြားခဲ့သည်။ သို့သော် ထိုင်းအာဏာ ပိုင်များက ၎င်းထံသို့ သတင်းအချက်အလက် သို့မဟုတ် အကူအညီ တောင်းခံမှုမလုပ်ခဲ့ကြောင်း အန်ကာရာက ဆက်လက်၍ ပြောဆိုသွားခဲ့သည်။

ရဲတပ်ဖွဲ့က ရရှိသည့် အဓိကသဲလွန်စမှာ အ၀ါရောင်ရှပ်အင်္ကျီ၊ အနက်ရောင်ဆံပင်နှင့် လူတစ်ဦးက နတ်ကွန်းအတွင်း ၀င်လာပြီးနောက် ကျောပိုး အိတ်ကိုထားခဲ့ပုံ၊ ပေါက်ကွဲမှု မတိုင်မီ လမ်းလျှောက် ထွက်ခွာပုံတို့ကို ပြသသည့် လုံခြုံရေးကင်မရာ မှတ်တမ်းဖြစ်သည်။

တိုက်ခိုက်မှုအတွင်း သေဆုံးသူ ၂၀ အနက် ၁၂ ဦးမှာ နိုင်ငံခြားသား များဖြစ်ပြီး တရုတ်၊ ဟောင်ကောင်၊ ဗြိတိန်၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် စင်ကာပူတို့မှ ဖြစ်ကြသည်။

အဆိုပါ တိုက်ခိုက်မှုမျိုး၊ စွမ်းရည်နှင့် လှုပ်ရှားမှုများကို  လုပ်ဆောင်နိုင်သည့် အဖွဲ့များမှာ ထိုင်းနိုင်ငံအတွင်းမှတော့ မဟုတ်နိုင်ဟု သတင်းတွင်ဖော်ပြထားသည်။          

PKT

Vote: 
No votes yet

Add new comment