“ဘယ်သူခွဲခွဲ တို့မကွဲ၊ အမြဲစည်းလုံးမည်” ဆောင်ပုဒ်အောက်တွင် “အစ်ကိုကြီး-ညီလေး” ဆက်ဆံရေး ပြိုလဲပျက်ီးသွားသော်လည်း “တပ်မတော်သည်သာအမိ၊ တပ်မတော်သည်သာအဖ” ဆိုသည့် ဆောင်ပုဒ်မှာ ရုတ်ခြည်းတစ်ဖန် ပြန်လည်အသက်ဝင်လာ

ရွေးကောက်ပွဲ မတိုင်မီတွင် ထိပ်တန်းနိုင်ငံရေးပဲ့ကိုင်သူများအကြား အာဏာလွန်ဆဲမှု တစ်ခုအဖြစ် ပါတီဌာနချုပ်ကို
ဦးသိန်းစိန်ကို ထောက်ခံသည့် USDP ပါတီ ထိပ်တန်းခေါင်းဆောင်အချို့ က ရုတ်တရက် စီးနှင်းခဲ့ပြီးနောက် မြန်မာနိုင်ငံ၏ အာဏာရပါတီ USDP ၏ ခေါင်းဆောင် သူရဦးရွှေမန်းမှာ ရာထူးမှ ဖယ်ရှားခံခဲ့ရသည်ဟု ပါတီတာဝန်ရှိသူတစ်ဦးက
ကြာသပတေးနေ့တွင် ပြောဆိုလိုက်ပါသည်။
ယခင် စစ်အစိုးရအုပ်ချုပ်ခဲ့သည့် နိုင်ငံတွင် ဆယ်စုနှစ်များ ကြာပြီးနောက် လွတ်လပ်မှုနှင့် တရားမျှတမှု အရှိဆုံးဖြစ်မည်ဟု ကြော်ငြာထားသည့် နိုဝင်ဘာလ ရွေးကောက်ပွဲများတွင် အကြိတ်အနယ် ၀င်ရောက်ယှဉ်ပြိုင်ရန် အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က အားခဲထားသည်။
မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး ဗဟိုချက်ကျသည့် ကဏ္ဍများတွင် ပါဝင်လှုပ်ရှားရန် ယူနီဖောင်းချွတ်ခဲ့ကြသည့်
ယခင်ဗိုလ်ချုပ်ကြီးဟောင်းများဖြစ်ကြသူ ဦးရွှေမန်းနှင့် သမ္မတဦးသိန်းစိန်တို့အကြား သဘောထားမတိုက်ဆိုင်မှုများ ရှိနေကြောင်း ကောလဟာလများသည် မကြာသေးမီလများတွင် ထွက်ပေါ်လာခဲ့သည်။ အဆိုပါ ပြုပြင်ပြောင်းလဲမှုများ၏ အတိမ်အနက်အပေါ် စိုးရိမ်မှုများက မကြာသေးမီ လများအတွင်း ဖြစ်ပေါ်လာခဲ့သည်။

သို့သော် လာမည့် ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများအတွက် နောက်ဆုံး လျှောက်လွှာတင်ရက်မတိုင်မီ တစ်ရက်အလိုတွင် ဖြစ်ပွားခဲ့သည်က နိုင်ငံရေးလောကတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။
နေပြည်တော်ရှိ USDP အခြေစိုက်ရုံးသို့ လုံခြုံရေးတပ်ဖွဲ့ဝင်ရောက်ခဲ့ပြီး နိုင်ငံရေး ဇာတ်ကွက်တစ်ခု၏ ညတစ်ညကုန်ဆုံးပြီးနောက် လွှတ်တော်ဥက္ကဌလည်းဖြစ်သည့် ဦးရွှေမန်းသည် အချိုးအကွေ့ အာဏာလွန်ဆွဲပွဲတွင်
အဓိကပစ်မှတ်အဖြစ် ပေါ်ထွက်လာခဲ့သည်။

ဦးရွှေမန်းအား သူ၏ ပါတီရာထူးမှ ဖယ်ရှားရန် ဦးသိန်းစိန်က သဘောတူခဲ့သည်ဟု သမ္မတရုံးမှ ဦးဇော်ဌေးက AFP ကို ပြောကြားသွားခဲ့သည်။

”ဒါက ပါတီတွင်း ခေါင်းဆောင်ပိုင်းကိစ္စသက်သက်ပါ။ စိုးရိမ်စရာအကြောင်း မရှိပါဘူး။” ဟု ဦးရွှေမန်း အထိန်းသိမ်းခံထားရကြောင်း ကောလဟာလများကို သူက ချေပပြောဆိုသွားခဲ့သည်။
ပြည်သူလူထုတည်ငြိမ်အေးချမ်းရေးအတွက် အစိုးရက လုပ်ဆောင်နေကြောင်း အသေးစိတ်အကြောင်းအချက်များ မပါရှိဘဲ သူက ပြောဆိုသွားခဲ့သည်။
ဗုဒ္ဓဟူးညနောင်းပိုင်းတွင် ရဲတပ်ဖွဲ့က စီးနင်းခဲ့ပြီးနောက် အစောပိုင်းတွင် မိမိ ဖခင်ဖြစ်သူ၏ နေပြည်တော်ရှိ နေအိမ်ကို လုံခြုံရေးအစောင့်အကြပ်များ ၀န်းရံထားခဲ့သည်ဟု ဦးရွှေမန်း၏ သားဖြစ်သူက AFP ကို ပြောဆိုထားသည်။
”လက်နက်ကိုင်တပ်ဖွဲ့တွေက နိုင်ငံရေးပါတီတစ်ခုကို ဒီလိုပုံစံမျိုး ထိန်းချုပ်တယ်ဆိုတာ ထူးဆန်းပါတယ်။” ဟု ဦးတိုးနိုင်မန်းက ရန်ကုန်ရှိ အဆက်အသွယ်များမှတဆင့် အခြေအနေကို စောင့်ကြည့်နေကြောင်း ဆိုသည်။
အကြောင်းရင်းမှာ ဦးသိန်းစိန်အပေါ် သစ္စာခံသည့် ကိုယ်စားလှယ်လောင်းများကို ထောက်ခံပေးရန် ဦးရွှေမန်းက ဆန့်ကျင်ခဲ့ကြောင်းနှင့် အာဏာကြီးမားသည့် တပ်မတော်မှ ပါတီသို့ ကူးပြောင်း ရွေးကောက်ခံလိုသည့် အရာရှိကြီးများကို ပါတီတွင်း တင်သွင်းမှုအလုံးစုံကို လက်မခံခဲ့ကြောင်း ယူဆဖွယ်ရာများလည်း ရှိနေသည်။
ရွေးကောက်ပွဲတွင် ပါတီအတွက် ရပ်တည်ယှဉ်ပြိုင်မည့် အစိုးရအဖွဲ့ ၀န်ကြီးများနှင့် တပ်မတော်အရာရှိများထံမှာ
လျှောက်လွှာ ၁၀၀ ကျော်ခန့်ကို ပါတီက ရရှိခဲ့ပြီး ဖြစ်သည်ဟု USDP ပါတီဝင် ဦးအောင်ကိုက ဗုဒ္ဓဟူးနေ့တွင် AFP ကို ပြောကြားသွားခဲ့သည်။
ဒီမိုကရေစီရေးအတွက် နှစ်များစွာ လှုပ်ရှားမှုကြောင့် ယခင်စစ်အစိုးရလက်ထက်တွင် စူးတစ်ချောင်းပမာ ဖြစ်ခဲ့သည် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမဦးဆောင်သည့် NLD ပါတီသည် လာမည့်
ရွေးကောက်ပွဲများတွင် အောင်ပွဲများ အခိုင်အမာ ရရှိရန် အခြေအနေ အခိုင်အမာ ရရှိပြီး ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် စစ်တပ်၏ နိုင်ငံရေးအာဏာကို လျှော့ချလိုသည့် အခြေခံဥပဒေဆိုင်ရာ ငြင်းခုံမှုများ အပါအ၀င် သော့ချက်ကျသည့် ကိစ္စရပ်များတွင်လည်း အာဏာလက်မလွတ်လိုသည့် စစ်တပ်ကို အတိုက်အခံ ပြုလုပ်သည့် နေရာတွင် ဒေါ်အောင်ဆန်းစုကြည်က ရှိနေခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် လက်တွဲ အတူလုပ်ကိုင်ဆောင်ရွက်မည်ဆိုသည့် စိတ်ကူးကို ကြိုဆိုကြောင်း ဦးရွှေမန်းက လူသိရှင်ကြား ထုတ်ဖော်ပြောဆိုထားပြီးဖြစ်သည်။
အမည်မဖော်လိုသည့် USDP ပါတီဝင်၏ သတင်းရင်းမြစ်အရ အစီအစဉ်မှာ ဦးရွှေမန်းအား ပါတီခေါင်းဆောင်အဖြစ်မှ ဖယ်ရှားရန်နှင့် ပါတီဖွဲ့စည်းပုံအသစ် ပြုလုပ်ရန် ဖြစ်သည်ဟု သူယုံကြည်ကြောင်း အစောပိုင်းက AFP ကို ပြောကြားသွားခဲ့သည်။ ”ဒီလိုမျိုးဖြစ်မယ်လို့ မထင်ထားမိခဲ့ဘူး။ ပါတီအတွင်းမှာ သဘောထား မတိုက်ဆိုင်မှုအချို့ ရှိခဲ့ပါတယ်။ ဒါပေမယ့် ဒါလောက်ပါဘဲ။ ဒီဟာက ပါတီအတွက်ကော၊ တိုင်းပြည်ရဲ့ အနာဂတ်အတွက်ပါ မကောင်းဘူး။”ဟု အဆိုပါ အရင်းအမြစ်က ဆိုသည်။

ယခင် စစ်အာဏာရှင်ဟောင်း၏ လွှမ်းမိုးမှု ရှိနေဆဲ ဗိုလ်ချုပ်ကြီးများ၏ ထောက်ခံမှုကို မည်သူက ရရှိလိမ့်မည် ဆိုသည်နှင့်ပတ်သက်၍ ကာလကြာရှည် အားပြိုင်နေမှုအကြောင်း ပုံမှန်အားဖြင့် ငြီးငွေ့ဖွယ်ရှိသည့် နိုင်ငံမြို့တော် နေပြည်တော်တွင် အသံကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။
တပ်မတော်သားများထံမှ လွှတ်တော်ကိုယ်စားလှယ်များထံ အာဏာလွှဲပြောင်းနိုင်ရေးတွင် ယခင် စစ်အစိုးရအဖွဲ့ဝင်များအတွက် USDP ပါတီက အဓိကမောင်းနှင်ရေးယာဉ်တစ်ခုဖြစ်ခဲ့သည်။
”သတင်းစာရွက်တွေပေါ် တင်ခဲတဲ့ USDP ပါတီအတွင်း ကြီးထွားလာတဲ့ တင်းမာမှုတွေ၊ ပြိုင်ဆိုင်မှုတွေ အဆုံးသတ်သွားပါပြီ။” ဟု သမိုင်းပညာရှင်နှင့် စာရေးဆရာ ဦးသန့်မြင့်ဦးက ပြောဆိုထားခြင်းဖြစ်သည်။
”ရွေးကောက်ပွဲပြဇာတ်မှာ အခန်းတစ်ခန်း ပြီးဆုံးသွားတာပါ။ နောက်ထပ် စိတ်လှုပ်ရှားစရာတွေ တွေ့မြင်ရဦးမယ်လို့ ကျွန်တော်သေချာပေါက် ပြောနိုင်ပါတယ်။”  
ပါတီတွင်းရှိ ဦးသိန်းစိန်ကို ထောက်ခံသူများက ဦးရွှေမန်း၏ ဂိုဏ်းခွဲဆောင်ရွက်မှုကို ဆန့်ကျင်ရန် သဘောတူညီချက်ရရှိပြီးနောက် ဗုဒ္ဓဟူးနေ့ ညနောင်းပိုင်းအချိန်တွင် လုံခြုံရေးတပ်ဖွဲ့များကို USDP ရုံးများတွင် ကြိုတင်နေရာချထားခဲ့သည်။

ဦးရွှေမန်းနေရာတွင် USDP ဒုတိယဥက္ကဌဦးဌေးဦးက အစားထိုးခဲ့ပြီး ဦးမောင်မောင်သိန်းနေရာတွင်
သမ္မရုံးဝန်ကြီး ဦးတင်နိုင်သိန်းက နေရာယူခဲ့သည်။ ၂ ဦးလုံးမှာ ဦးသိန်းစိန်နှင့် နီးစပ်သူများဖြစ်ကြသည်။ ”ဦးသိန်းစိန်ရဲ့ အနေအထားကတော့ ထိပ်ဆုံးအထိ တက်သွားရုံဘဲ။”ဟု ယူရေးရှားဂရုပ် နိုင်ငံရေး ဘေးထိခိုက်မှု အကြံပေးလုပ်ငန်းအတွက် တွဲဖက်တစ်ဦးဖြစ်သူ ခရစ်ရှန်လူးဝစ်က ပြောကြားခဲ့သည်။ ”USDP ရဲ့ အခိုင်အမာ ထောက်ခံမှုနှင့် နည်းစုံသုံးပြီး သမ္မတအဖြစ် ၀င်ပြိုင်တော့မယ်။”ဟု သူက ဆိုသည်။
ရာစုနှစ်ဝက်ကျော်အတွင်း အလွတ်လပ်ဆုံး ရွေးကောက်ပွဲများ ပြုလုပ်ရန် ကြေငြာထားရာ ပြောင်းလဲလွယ်သည့် နိုင်ငံရေးအခြေအနေများကို ဖယ်ရှားမှုက ထင်ဟပ်ပြနေသည်။ ယခင်စစ်ဗိုလ်ချုပ်ကြီးဟောင်း ဖြစ်သည့် သူရဦးရွှေမန်းသည် တချိန်က စစ်အစိုးရအဖွဲ့အတွင်း အဆင့် ၃ နေရာတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ပြီး ဦးသိန်းစိန်မှာ နံပါတ် ၄ နေရာကိုသာ ရရှိခဲ့သည်။
သို့သော် ဦးရွှေမန်းသည် စစ်အစိုးရလက်ထက်တွင် နေအိမ်အကျယ်ချုပ်ဖြင့် ၁၅ နှစ်ကျော် နေထိုင်ခဲ့ရသည့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရေး တည်ဆောက်ခြင်းဖြင့် စစ်တပ်အတွင်းရှိ ရဲဘောက်ရဲဘက်ဟောင်းများကို ကျောခိုင်းခဲ့သည်ဟု နိုင်ငံရေး လေ့လာသူများက ပြောဆိုနေကြသည်။
အောက်လွှတ်တော် (ပြည်သူ့လွှတ်တော်) ဥက္ကဌလည်း ဖြစ်သည့် ဦးရွှေမန်းသည် စစ်တပ်က ပြည်သူ့ရေးရာကိစ္စများတွင် ကြီးမားစွာ လွှမ်းမိုးနေမှုကို ကန့်သတ်မည့် ငြင်းခုံမှုများ ခွင့်ပြုခြင်းဖြင့် အခြား သြဇာကြီးမားသည့် အရာရှိများကို စိတ်အနှောက်အယှက် ဖြစ်စေခဲ့သည်ဟု ၄င်းတို့က ဆိုသည်။
နိုဝင်ဘာလ လွှတ်တော်ရွေးကောက်ပွဲတွင် USDP ကိုယ်စားလှယ်အဖြစ် စစ်တပ်အရာရှိ ၁၅၉ ဦးထဲမှ ၃ ပုံ ၁ ပုံကိုသာ ရွေးချယ်ခဲ့ခြင်းကြောင့် ဦးရွှေမန်းအုပ်စုအား ၂၄ နာရီအတွင် ဖယ်ရှားခဲ့ရန် ကြံစည်ခဲ့ခြင်း ဖြစ်မည်ဟု ယူဆထားကြသည်။ မဲပေးသူများ မဟုတ်ဘဲ လွှတ်တော် ကိုယ်စားလှယ်များကသာ သမ္မတကို ရွေးခြယ်မည်ဖြစ်သောကြောင့် ဥပဒေပြုရေး ရွေးကောက်ပွဲသည် ထပ်ဆင့်အရေးကြီးနေသည်။
ဦးရွှေမန်းက ဒေါ်အောင်ဆန်းစုကြည်၏ ထောက်ခံမှုရရှိရန် ကြိုးစားခဲ့ခြင်းက သူ၏ နိုင်ငံရေးကြံမ္မာကို သူကိုယ်တိုင် ဖန်တီးလိုက်ခြင်း ဖြစ်သူဟု ယခုအခါ ဦးသိန်းစိန်ကို ထောက်ခံနေသည့် ဗဟိုကော်မတီဝင်တစ်ဦးက ပြောကြားခဲ့သည်။

Vote: 
No votes yet

Add new comment