ခေတ်အဆက်ဆက် ဘုရင်များ၏ ကြေးသွန်းရုပ်တုကြီးများ ထိုင်း တည်ဆောက်

မကြာသေးမီရက်များတွင် ထိုင်းပင်လယ်ကွေ့မြို့ကြီးတစ်ခုဖြစ်သည့် ဟွာဟင်းရှိ ပန်းခြံသို့သွားမည့် ထရပ်ကားကြီးများပေါ်တွင် နှေးကွေးစွာရွေ့ လျားခဲ့ကြသည့်  ထိုင်းနိုင်ငံ၏ ရှေး ဟောင်းဘုရင် ၇ ပါးတို့၏ ဧရာမသတ္ထု ရုပ်တုကြီးများမှာ တောင်ဘက် ဟွာဟင်းသို့ ဦးတည်နေသည်။

နိုင်ငံ၏ အမြတ်တနိုး ဘုရင်များ ထားရာနေရာကို ဘုရင်ဘူမိဘောအဒူ လျာဒေ့နေရာချထားပေးရာ မြေနေရာတွင် စစ်တပ်က တည်ဆောက်နေခြင်း ဖြစ်သည်။

သြဂုတ် ၈ ရက်နေ့တွင် အစီအစဉ်အတိုင်း ရုပ်တုများ တည်ထောင်နိုင်ရေးအတွက် ယမန်နေ့ နံနက်တွင် စစ်ဦးစီးချုပ် ဗိုလ်ချုပ်အူဒွမ်စီတာဘူတာက တည်ဆောက်ရေးလုပ်ငန်းခွင်သို့ လာရောက်လည်ပတ်ခဲ့ပါသည်။

သြဂုတ် ၁၉ ရက်နေ့တွင် ၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာက ပြပွဲဖွင့်လှစ်မည်ဖြစ်ပြီး အိမ်ရှေ့မင်းသား မဟာဝဇီရလုံကောင်းက အထူးစီစဉ် ထားသော ဖွင့်ပွဲအခမ်းအနားတွင် ကြီးမှူပါလိမ့်မည်။

ယခင်နှစ် မေလတွင် အာဏာသိမ်းခဲ့ပြီးချိန်မှစ၍ ဘုရင်စနစ်၏ အ ရေးပါမှုကို လူထုကလက်ခံရန် ကြိုးပမ်းခဲ့သည့် တော်ဝင်ဘက်တော်သား လက်ရှိစစ်အစိုးရလက်ထက်တွင် တော်ဝင်လိုလားသည့်ဝါဒ ပြန်လည်ဖြစ်ထွန်းလာခြင်း၏ အားကောင်းသော သင်္ကေတတစ်ခုအဖြစ် ဆန်းစစ်သူများက ပန်းခြံကိုရှုမြင်ထားကြသည်။

“အတိတ်တုန်းကလည်း တော်ဝင် စနစ်ကို အမွှမ်းတင်တဲ့ လှုပ်ရှားမှုတွေ အမြဲရှိဖူးတယ်။ ဒါပေမဲ့ အခုဟာက အလွန်ထူးခြားတဲ့ အပြုအမူပါ” ဟု ချူလာလောင်ကွန်းတက်္ကသိုလ် နိုင်ငံရေးသိပ်္ပံပါမောက္ခ ပါနီတန်ဝတ်္တန ယာဂွန်းက ဆိုပါသည်။

ထိုင်းဘုရင်တို့၏ ရုပ်တုများကို နိုင်ငံအနှံ့တွေ့နိုင်ပါသည်။ သို့သော် မည်သည့်ရုပ်တုကမျှ ယခုကဲ့သို့ အရွယ်ကြီးမားခြင်းနှင့် တစ်နေရာတည်း စုစည်းထားရှိခြင်း မရှိချေ။ ဟွာဟင်း ပြသမှုကတော့ အပြောင်းအလဲတစ်ရပ်ဖြစ်နေသည်။

“တော်ဝင်စနစ်လိုလားတဲ့ အတွေး အခေါ် အားကောင်းစေမယ့် ကြိုးပမ်း ချက်တစ်ခုပါ။ လက်ရှိ အစိုးရလက် ထက်မှာ တော်ဝင်စနစ်လိုလားတဲ့ အ တွေးအခေါ်တွေ ပြန်ခိုင်ခံ့အောင်လုပ် တာ ကျွန်တော်တို့ ကြုံခဲ့ရပြီ”ဟု ထိုင်း နိုင်ငံအခြေစိုက် ပညာရှင်လည်းဖြစ်၊ နိုင်ငံ၏ဘုရင်အား စော်ကားမှုဥပဒေ စာအုပ်ရေးသားသူလည်းဖြစ်သည့် မစ်္စတာဒေးဗစ်စထရက်ဖတ်စ်က ဆို သည်။

ပြသမည့်ဘုရင်များမှာ ခေတ်အ မျိုးမျိုးမှဖြစ်ပြီး ထိုင်းဘုရင်တို့၏ ရှေး ဟောင်းသမိုင်းခေတ်များကို တစ်ဆက်တည်းဖြစ်စေရန် ရုပ်တုများ ချိတ်ဆက်ပေးမည်ဖြစ်သည်။ ပြီးခဲ့သည့် သီတင်းပတ်က ရောက်ရှိလာသည့် ပထမဆုံးရုပ်တုမှာ ၁၃ ရာစု ဆုခိုထိုင်း ဘုရင်ရမ်ခမ်ဟိန်ဖြစ်သည်။

ရုပ်တုများသည် ၁၃ မီတာမှ ၁၄ မီတာအထိ အမြင့်ရှိကြပြီး ၎င်းတို့ကို ရက်အလိုက် တစ်ရက်ပြီးတစ်ရက် တည်ထောင်ကြပါလိမ့်မည်။ ဘတ်ငွေ သန်း ၇၀၀ (စင်္ကာပူဒေါ်လာ ၂၇ .၃ သန်း)တန် ပန်းခြံတွင် ပြတိုက်တစ်ခုလည်း ပါဝင်မည်ဖြစ်ပြီး အဓိကခရီး သွားများ ဆွဲဆောင်ရာအဖြစ်  မျှော်လင့်နေရသည်။

ထိုင်းတော်ဝင်မိသားစုအတွင်း မလွှဲမသွေဖြစ်လာမည့် ဘုရင်အကူး အပြောင်းဖြစ်လာခါနီးအချိန်တွင် ပန်းခြံဖွင့်ပွဲပြုလုပ်ခြင်းဖြစ်သည်။

စည်းမျဉ်းခံဘုရင်စနစ် ကျင့်သုံးသည့် နိုင်ငံဖြစ်သော်လည်း ၆၈ နှစ် ကြာအုပ်စိုးပြီးဖြစ်သည့် ဘုရင်ဘူမိဘောကို နိုင်ငံ၏အမြင့်ဆုံး စံအာဏာပိုင်အဖြစ် ရှုမြင်ထားကြသည်။ အဆိုပါ စံအာဏာပိုင်မရှိသည့် အနာဂတ်အတွက် ထိုင်းတို့က တစ်ဦးချင်းပူပန်မှု ရှိနေကြသည်။ “ရုပ်တုကြီး ၇ ခု တည်ထောင် လိုက်တာဟာ အရေးကြီးကာလ လူစုစည်းရာတွင် ပိုမိုစနစ်ကျစေရန် ကြိုးပမ်းမှုတစ်ခုအဖြစ် မြင်နိုင်ပါတယ်”ဟု ပါမောက္ခပနီတန်က ဆိုသည်။

ထိုင်းနိုင်ငံ၏ မဏ္ဍိုင် ၃ ရပ်ဖြစ်သည့် အမျိုး၊ ဘာသာနှင့် ဘုရင်စနစ် ထူထောင်ထားရှိခြင်းကို အာမခံစောင့် ရှောက်သူများအဖြစ် စစ်တပ်က မိမိကိုယ်ကို ထင်မြင်နေကြသည်။

ဟွာဟင်းတွင် ရုပ်တု ၇ ခုထားရှိ ခြင်းကို မြန်မာရှေးဟောင်းဘုရင် ၃ ပါး၏ ရုပ်တုကြီးများနှင့် နှိုင်းယှဉ်သုံး သပ်ခဲ့ကြသည်မှာ မလွဲပေ။

မြန်မာဘုရင်ရုပ်တုများကို နားလည်ရခက်သည့် ယခင်စစ်အာဏာ ရှင်ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက် အသစ်တည်ထားသည့် မြို့တော် နေပြည်တော်အနီး တပ်မတော် စစ်ရေးပြကွင်းတွင် တည်ထောင်ထား ခြင်းဖြစ်သည်။

သို့သော် မြန်မာနိုင်ငံတွင်မူ ၁၈၈၅ ခုနှစ်ကတည်းက ဗြိတိသျှနယ်ချဲ့တပ်များက ဘုရင်စနစ်ကို ဖျက်သိမ်းခဲ့ပြီး ဖြစ်သည်။

Vote: 
No votes yet

Add new comment