အာဖရိကဝက္အျပင္းဖ်ားေရာဂါ ႀကိဳတင္ကာကြယ္ေရး အသိေပးႏွိုးေဆာ္ခ်က္

အာဖရိက ဝက္အျပင္းဖ်ားေရာဂါသည္ ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လတြင္ ျမန္မာနိုင္ငံ၊ ရွမ္းျပည္နယ္အေရွ႕ပိုင္း မိုင္းလား၊ မိုင္းေယာင္း၊ မိုင္းျဖတ္ၿမိဳ႕နယ္မ်ားႏွင့္ ရွမ္းျပည္နယ္ အေရွ႕ေျမာက္ပိုင္း ပန္ဆန္းၿမိဳ႕နယ္မ်ားတြင္ ကူးစက္ျဖစ္ပြားခဲ့သျဖင့္ အျခားေဒသမ်ားသို႔ ကူးစက္ပ်ံ႕ႏွံ့ျခင္းမရွိေစေရးအတြက္ ေရာဂါကာကြယ္ ထိန္းခ်ဳပ္ေရးလုပ္ငန္းမ်ားကို စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္း ဝန္ႀကီးဌာန၊ ေမြးျမဴေရးႏွင့္ကုသေရးဦးစီးဌာနမွ ေဆာင္ရြက္လ်က္ရွိပါသည္။ ထို႔အျပင္ အာဖရိက ဝက္အျပင္းဖ်ားေရာဂါ ကင္းရွင္းမႈ အေျခအေနကို သိရွိနိုင္ရန္အတြက္ ေရာဂါေစာင့္ၾကည့္စစ္ေဆးျခင္းလုပ္ငန္းမ်ားကို ဆက္လက္ေဆာင္ရြက္ လ်က္ရွိပါသည္။
 
မိမိေမြးျမဴထားေသာ ဝက္မ်ားကိုလည္း အာဖရိက ဝက္အျပင္းဖ်ားေရာဂါ ကူးစက္က်ေရာက္ျခင္း မရွိေစေရး အတြက္ ေမြးျမဴေရးၿခံ မ်ား၏ ဇီဝလုံျခဳံမႈကို စနစ္တက် ျမႇင့္တင္ရန္ လိုအပ္ပါသည္။ အာဖရိက ဝက္အျပင္းဖ်ားေရာဂါ ႀကိဳတင္ကာကြယ္နိုင္ရန္ အတြက္ ေအာက္ပါအတိုင္း လိုက္နာေဆာင္ရြက္နိုင္ပါရန္ အသိေပး ႏွိုးေဆာ္အပ္ပါသည္ -
 
(က) ဝက္ေမြးျမဴေရးၿခံမ်ား၏ ဇီဝလုံျခဳံမႈကို အထူးဂ႐ုျပဳ ေဆာင္ရြက္ရန္၊
 
(ခ) ဝက္ၿခံမ်ားႏွင့္ သားငါးေဈးမ်ားတြင္ စနစ္တက် ပိုးသတ္ေဆး ဖ်န္းျခင္း၊ ပုံမွန္ျပဳလုပ္ ေဆာင္ရြက္ရန္၊
 
(ဂ) အိမ္ေမြးဝက္မ်ားကို အပူျပင္းျပင္းျဖင့္ ခ်က္ျပဳတ္ထားျခင္း မရွိေသာစားေသာက္ဆိုင္မ်ားမွ စားႂကြင္းက်န္ ေကၽြးျခင္း မျပဳလုပ္ရန္၊
 
(ဃ) အျခားၿခံမ်ားမွ အသုံးအေဆာင္ပစၥည္းမ်ား ငွားရမ္းသုံးစြဲျခင္း မျပဳရန္ႏွင့္ လူအဝင္အထြက္ ထိန္းခ်ဳပ္ရန္၊
 
(င) အသက္အရြယ္တူ ဝက္မ်ားကိုသာ အတူတူေမြးျမဴရန္၊
 
(စ) ဝက္ၿခံမ်ားအတြင္း အပူခ်ိန္၊ စိုထိုင္းဆ၊ ေလဝင္ေလထြက္ ေကာင္းမြန္ေစေရး ေဆာင္ရြက္ရန္၊
 
(ဆ) ေရာဂါကင္းရွင္းေၾကာင္း စိတ္ခ်ရေသာ ၿခံဝက္မ်ားကို ဝယ္ယူ ေမြးျမဴရန္၊
 
(ဇ) ဝယ္ယူသည့္ဝက္မ်ားကို မိမိၿခံရွိဝက္မ်ားႏွင့္မေရာမီ သီးသန္႔ခြဲျခားထား၍ ေရာဂါကင္းရွင္းမွ ေမြးျမဴရန္၊
 
(ဈ) ျပည္ပမွ တရားမဝင္တင္သြင္းလာေသာ ဝက္အရွင္ႏွင့္ ဝက္ထြက္ပစၥည္းမ်ားျဖစ္သည့္ ဝက္သား၊ ေအးခဲ ဝက္သား၊ ဝက္ေပါင္ေျခာက္၊ ဝက္အူေခ်ာင္းႏွင့္ အျခား ဝက္ထြက္ပစၥည္းမ်ား တင္သြင္းျခင္း၊ ေရာင္းခ်ျခင္း၊ စားသုံးျခင္း မျပဳရန္၊
 
(ည) ေတာဝက္ႏွင့္ အိမ္ေမြးဝက္မ်ား ေရာေႏွာထိေတြ႕ျခင္းမွ ကာကြယ္ရန္၊
 
(ဋ) ဝက္မ်ားတစ္ေနရာမွ အျခားတစ္ေနရာသို႔ ေရႊ႕ေျပာင္းသယ္ေဆာင္ျခင္းႏွင့္ အမ်ားျပည္သူစားသုံးရန္ သားသတ္ျခင္း လုပ္ငန္းမ်ားေဆာင္ရြက္ရာတြင္ သက္ဆိုင္ရာ ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာန၏ က်န္းမာေရးစစ္ေဆးမႈကို ခံယူရန္၊
 
(ဌ) ေတာဝက္ႏွင့္ အိမ္ေမြးဝက္မ်ား ပုံမွန္မဟုတ္ဘဲ႐ုတ္တရက္ ေသဆုံးပါက နီးစပ္ရာအုပ္ခ်ဳပ္ေရးအဖြဲ႕၊ ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာန၊ ျမန္မာနိုင္ငံေမြးျမဴေရး လုပ္ငန္းအဖြဲ႕ထံသို႔ ခ်က္ခ်င္း သတင္းပို႔ရန္၊
 
(ဍ) ေရာဂါႀကိဳတင္ကာကြယ္ေရးႏွင့္ ေရာဂါစူးစမ္းရွာေဖြျခင္း လုပ္ငန္းမ်ားတြင္သက္ဆိုင္ရာဌာန၊ အဖြဲ႕အစည္းမ်ားႏွင့္ ပူးေပါင္းပါဝင္ေဆာင္ရြက္ရန္
 
ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာန၊ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ဆည္ေျမာင္းဝန္ႀကီးဌာန၊ ​ေနျပည္ေတာ္က အသိေပးႏိႈးေဆာ္ထားသည္။
 
The Ladies News
#Unicode
အာဖရိကဝက်အပြင်းဖျားရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ချက်
--- --- ---
အာဖရိက ဝက်အပြင်းဖျားရောဂါသည် ၂၀၁၉ ခုနှစ်၊ သြဂုတ်လတွင် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလား၊ မိုင်းယောင်း၊ မိုင်းဖြတ်မြို့နယ်များနှင့် ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း ပန်ဆန်းမြို့နယ်များတွင် ကူးစက်ဖြစ်ပွားခဲ့သဖြင့် အခြားဒေသများသို့ ကူးစက်ပျံ့နှံ့ခြင်းမရှိစေရေးအတွက် ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် အာဖရိက ဝက်အပြင်းဖျားရောဂါ ကင်းရှင်းမှု အခြေအနေကို သိရှိနိုင်ရန်အတွက် ရောဂါစောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက် လျက်ရှိပါသည်။
 
မိမိမွေးမြူထားသော ဝက်များကိုလည်း အာဖရိက ဝက်အပြင်းဖျားရောဂါ ကူးစက်ကျရောက်ခြင်း မရှိစေရေး အတွက် မွေးမြူရေးခြံ များ၏ ဇီဝလုံခြုံမှုကို စနစ်တကျ မြှင့်တင်ရန် လိုအပ်ပါသည်။ အာဖရိက ဝက်အပြင်းဖျားရောဂါ ကြိုတင်ကာကွယ်နိုင်ရန် အတွက် အောက်ပါအတိုင်း လိုက်နာဆောင်ရွက်နိုင်ပါရန် အသိပေး နှိုးဆော်အပ်ပါသည် -
 
(က) ဝက်မွေးမြူရေးခြံများ၏ ဇီဝလုံခြုံမှုကို အထူးဂရုပြု ဆောင်ရွက်ရန်၊
 
(ခ) ဝက်ခြံများနှင့် သားငါးဈေးများတွင် စနစ်တကျ ပိုးသတ်ဆေး ဖျန်းခြင်း၊ ပုံမှန်ပြုလုပ် ဆောင်ရွက်ရန်၊
 
(ဂ) အိမ်မွေးဝက်များကို အပူပြင်းပြင်းဖြင့် ချက်ပြုတ်ထားခြင်း မရှိသောစားသောက်ဆိုင်များမှ စားကြွင်းကျန် ကျွေးခြင်း မပြုလုပ်ရန်၊
 
(ဃ) အခြားခြံများမှ အသုံးအဆောင်ပစ္စည်းများ ငှားရမ်းသုံးစွဲခြင်း မပြုရန်နှင့် လူအဝင်အထွက် ထိန်းချုပ်ရန်၊
 
(င) အသက်အရွယ်တူ ဝက်များကိုသာ အတူတူမွေးမြူရန်၊
 
(စ) ဝက်ခြံများအတွင်း အပူချိန်၊ စိုထိုင်းဆ၊ လေဝင်လေထွက် ကောင်းမွန်စေရေး ဆောင်ရွက်ရန်၊
 
(ဆ) ရောဂါကင်းရှင်းကြောင်း စိတ်ချရသော ခြံဝက်များကို ဝယ်ယူ မွေးမြူရန်၊
 
(ဇ) ဝယ်ယူသည့်ဝက်များကို မိမိခြံရှိဝက်များနှင့်မရောမီ သီးသန့်ခွဲခြားထား၍ ရောဂါကင်းရှင်းမှ မွေးမြူရန်၊
 
(ဈ) ပြည်ပမှ တရားမဝင်တင်သွင်းလာသော ဝက်အရှင်နှင့် ဝက်ထွက်ပစ္စည်းများဖြစ်သည့် ဝက်သား၊ အေးခဲ ဝက်သား၊ ဝက်ပေါင်ခြောက်၊ ဝက်အူချောင်းနှင့် အခြား ဝက်ထွက်ပစ္စည်းများ တင်သွင်းခြင်း၊ ရောင်းချခြင်း၊ စားသုံးခြင်း မပြုရန်၊
 
(ည) တောဝက်နှင့် အိမ်မွေးဝက်များ ရောနှောထိတွေ့ခြင်းမှ ကာကွယ်ရန်၊
 
(ဋ) ဝက်များတစ်နေရာမှ အခြားတစ်နေရာသို့ ရွှေ့ပြောင်းသယ်ဆောင်ခြင်းနှင့် အများပြည်သူစားသုံးရန် သားသတ်ခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင် သက်ဆိုင်ရာ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ ကျန်းမာရေးစစ်ဆေးမှုကို ခံယူရန်၊
 
(ဌ) တောဝက်နှင့် အိမ်မွေးဝက်များ ပုံမှန်မဟုတ်ဘဲရုတ်တရက် သေဆုံးပါက နီးစပ်ရာအုပ်ချုပ်ရေးအဖွဲ့၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြန်မာနိုင်ငံမွေးမြူရေး လုပ်ငန်းအဖွဲ့ထံသို့ ချက်ချင်း သတင်းပို့ရန်၊
 
(ဍ) ရောဂါကြိုတင်ကာကွယ်ရေးနှင့် ရောဂါစူးစမ်းရှာဖွေခြင်း လုပ်ငန်းများတွင်သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်
 
မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ​နေပြည်တော်က အသိပေးနှိုးဆော်ထားသည်။
 
The Ladies News


 

 

Vote: 
No votes yet

Add new comment