
 
 
 
The Ladies News
#Unicode
၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလအတွင်း ဖားကန့်သီတဂူစက္ခုဒါနဆေးရုံ၌ မျက်စိ ဝေဒနာသည်များအား တတိယအကြိမ်မြောက် အခမဲ့ဆေးကုသပေးမည်
--- --- ---
 
ကချင်ပြည်နယ်၊ ဖားကန့်မြို့ရှိ သီတဂူစက္ခုဒါနဆေးရုံ၌ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလအတွင်း မျက်စိ ဝေဒနာသည်များအား တတိယအကြိမ်မြောက်အဖြစ် အခမဲ့ဆေးကုသပေးမည် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းဖော်ပြချက် အရ သိရသည်။
 
သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရသည် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၉) ရက်နေ့မှ (၁၃) ရက်နေ့အထိ ဖားကန့်သို့ တရားဒေသနာများ ဟောကြားချီးမြှင့် မည်ဖြစ်ပြီး ဆရာတော်ကြီးနှင့်အတူ မျက်စိအထူးကုပါရဂူများ၊ ဆရာဝန်များလိုက်ပါ၍ ဖားကန့်သီတဂူ စက္ခုဒါနဆေးရုံ၌ မျက်စိဝေဒနာသည်များအား အခမဲ့ဆေးကုသမှု ဆောင်ရွက်ပေးမည် ဖြစ်သည်။
 
ဖားကန့် သီတရူစက္ခုဒါနဆေးရုံတွင် လူမျိုးဘာသာမရွေး အခမဲ့ မျက်စိခွဲစိတ်ကုသမှုပေးခြင်း၊ မျက်မှန် ပြုလုပ်ပေးခြင်းများ လုပ်ဆောင်ခဲ့ကာ ယခုအခါ တတိယအကြိမ်မြောက် ဖြစ်သည်။
 
The Ladies News


 

 

Vote: 
No votes yet

Add new comment