ကခ်င္၊ရွမ္းေျမာက္၊စစ္ကိုင္း ရန္ကုန္ တုိ႕တြင္ မူးယစ္ေဆးေသြးေၾကာထဲ ထိုးသူမ်ားကို ကိုင္တြယ္မည္ဆိုလၽွင္ HIV ခ်က္ျခင္း က်ဆင္း သြားမည္ဟုဆို

ကခ်င္၊ ရွမ္းေျမာက္၊ စစ္ကိုင္း၊ ရန္ကုန္သည္ အဓိကျဖစ္ၿပီး ယင္းေနရာ မ်ားမွာ မူးယစ္ေဆးေသြးေၾကာထဲ ထိုးသူမ်ားကို ကိုင္တြယ္မည္ဆိုလၽွင္ HIV ခ်က္ျခင္း က်ဆင္းသြားမည္ဆိုတာ မိမိအေနျဖင့္ ယုံၾကည္ေၾကာင္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာျမင့္ေထြး၊က ဒီဇင္ဘာ ၁ ရက္တြင္ေျပာၾကားခဲ့သည္။
 
၂၀၁၉ခုႏွစ္ ဗဟိုအဆင့္ ကမၻာ့ခုခံအားက်ဆင္းမႈ ကူးစက္ေရာဂါ တိုက္ဖ်က္ေရးေန႔အထိမ္းအမွတ္ႏွင့္ ဆုခ်ီးျမႇင့္ျခင္း အခမ္းအနားသို႕ တက္ေရာက္အမွာစကားေျပာၾကားစဥ္ ျပည္ေထာင္စု၀န္ႀကီးက ယင္းသို႕ထည့္သြင္းေျပာဆိုခဲ့ျခင္းျဖစ္သည္။
 
“၂၀၁၉ခုႏွစ္ ကမၻာ့ခုခံအား က်ဆင္းမႈတိုက္ဖ်က္ေရးေန႔ကို ဒီဇင္ဘာလ ၁ ရက္မွာလုပ္ျခင္း၏ အဓိပါယ္ကေတာ့ HIV ပိုးႏွင့္ ပတ္သက္သည့္ ကာကြယ္ေရး၊ ကုသေရးကို မေပါ့ရန္ ျပည္သူမ်ားကို အသိေပးျခင္း သတိေပးျခင္းျဖစ္ေၾကာင္း၊ ေနာက္တစ္ခ်က္က လက္ရွိအေျခအေန အရပ္ရပ္ကို သိရွိေအာင္ ျပည္သူမ်ားကို အသိေပးျခင္းျဖစ္ေၾကာင္း၊ ဒီႏွစ္ေဆာင္ပုဒ္၏ ရည္ရြယ္ခ်က္အရ ျပည္သူမ်ားမပါဝင္လို႔ရွိရင္ HIV AIDS ေရာဂါတြင္မကဘူး မည္သည့္ေရာဂါကိုမၽွ မိမိတို႔ ဝန္ႀကီးဌာန အေနျဖင့္ ေအာင္ျမင္ေ အာင္လုပ္လို႔ရမည္ မဟုတ္ေၾကာင္း၊ ျပည္သူတြင္မကပါဘူး NGOမ်ား၊ CPOမ်ား၊ INGOမ်ား၊ UN၊ တက္ႂကြလႈပ္ရွား သူမ်ား၊ သံ႐ုံးမ်ားကလည္း ပါဝင္ရန္လိုေၾကာင္း၊ ယင္းအဖြဲ႕အစည္းမ်ား ကလည္း ဘာလုပ္ရမည္လဲ၊ ဘယ္လို လုပ္ရမည္လဲဆိုတာ စဥ္းစားဖို႔လိုေၾကာင္း”ျပည္ေထာင္စု၀န္ႀကီးက ေျပာၾကားခဲ့သည္။
 
ထို႕အတူ ကာကြယ္သည့္ေနရာမ်ားကို လက္လွမ္းမမီျခင္း၊ မူးယစ္ေဆး ထိုးသည့္သူ မ်ားလာျခင္း၊ လိင္လုပ္သား မ်ားလာျခင္း၊ အမ်ိဳးသား အခ်င္းခ်င္း ဆက္ဆံမႈမ်ားလာျခင္း၊ အက်ဥ္းသား မ်ားလာျခင္း၊ ေရႊ႕ေျပာင္းလုပ္သား မ်ားလာျခင္းက မိမိတို႔ လုပ္ငန္းလုပ္ေဆာင္ရာတြင္ အနည္းငယ္ အေႏွာင့္အတားျဖစ္ေစေၾကာင္း၊ ယင္းတို႕ကိုလည္း ကိုင္တြယ္ေဆာင္ရြက္ေနသည္ဟု ျပည္ေထာင္စု၀န္ႀကီးက ေျပာသည္။
 
ျမန္မာႏိုင္ငံ၏ HIVျဖစ္ပြားမႈသည္ အေရွ႕ေတာင္အာရွတြင္ နံပါတ္ ၄ အဆင့္ရွိေနၿပီး မၾကာခင္အခ်ိန္အတြင္း တြင္ ျပန္လည္က်ဆင္းသြား မည္ဟုယုံၾကည္ေၾကာင္း၊ အဘယ့္ေၾကာင့္ဆိုေသာ္ ၂၀၀၀ျပည့္ႏွစ္က HIVျဖစ္ပြားမႈသည္ တစ္ႏွင္လွ်င္ ၁၉၀၀၀ ရွိရာမွ ၂၀၁၈ ခုႏွစ္တြင္ ၁၀၀၀၀ ေက်ာ္သာရွိေတာ့ေၾကာင္းလည္း ေဒါက္တာျမင့္ေထြးက ေျပာၾကားခဲ့သည္။
 
The Ladies News
#Unicode
ကချင်၊ရှမ်းမြောက်၊စစ်ကိုင်း ရန်ကုန် တို့တွင် မူးယစ်ဆေးသွေးကြောထဲ ထိုးသူများကို ကိုင်တွယ်မည်ဆိုလျှင် HIV ချက်ခြင်း ကျဆင်း သွားမည်ဟုဆို
--- --- ---
 
 
ကချင်၊ ရှမ်းမြောက်၊ စစ်ကိုင်း၊ ရန်ကုန်သည် အဓိကဖြစ်ပြီး ယင်းနေရာ များမှာ မူးယစ်ဆေးသွေးကြောထဲ ထိုးသူများကို ကိုင်တွယ်မည်ဆိုလျှင် HIV ချက်ခြင်း ကျဆင်းသွားမည်ဆိုတာ မိမိအနေဖြင့် ယုံကြည်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊က ဒီဇင်ဘာ ၁ ရက်တွင်ပြောကြားခဲ့သည်။
 
၂၀၁၉ခုနှစ် ဗဟိုအဆင့် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်နှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားစဉ် ပြည်ထောင်စုဝန်ကြီးက ယင်းသို့ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
 
“၂၀၁၉ခုနှစ် ကမ္ဘာ့ခုခံအား ကျဆင်းမှုတိုက်ဖျက်ရေးနေ့ကို ဒီဇင်ဘာလ ၁ ရက်မှာလုပ်ခြင်း၏ အဓိပါယ်ကတော့ HIV ပိုးနှင့် ပတ်သက်သည့် ကာကွယ်ရေး၊ ကုသရေးကို မပေါ့ရန် ပြည်သူများကို အသိပေးခြင်း သတိပေးခြင်းဖြစ်ကြောင်း၊ နောက်တစ်ချက်က လက်ရှိအခြေအနေ အရပ်ရပ်ကို သိရှိအောင် ပြည်သူများကို အသိပေးခြင်းဖြစ်ကြောင်း၊ ဒီနှစ်ဆောင်ပုဒ်၏ ရည်ရွယ်ချက်အရ ပြည်သူများမပါဝင်လို့ရှိရင် HIV AIDS ရောဂါတွင်မကဘူး မည်သည့်ရောဂါကိုမျှ မိမိတို့ ဝန်ကြီးဌာန အနေဖြင့် အောင်မြင်ေ အာင်လုပ်လို့ရမည် မဟုတ်ကြောင်း၊ ပြည်သူတွင်မကပါဘူး NGOများ၊ CPOများ၊ INGOများ၊ UN၊ တက်ကြွလှုပ်ရှား သူများ၊ သံရုံးများကလည်း ပါဝင်ရန်လိုကြောင်း၊ ယင်းအဖွဲ့အစည်းများ ကလည်း ဘာလုပ်ရမည်လဲ၊ ဘယ်လို လုပ်ရမည်လဲဆိုတာ စဉ်းစားဖို့လိုကြောင်း”ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
 
ထို့အတူ ကာကွယ်သည့်နေရာများကို လက်လှမ်းမမီခြင်း၊ မူးယစ်ဆေး ထိုးသည့်သူ များလာခြင်း၊ လိင်လုပ်သား များလာခြင်း၊ အမျိုးသား အချင်းချင်း ဆက်ဆံမှုများလာခြင်း၊ အကျဉ်းသား များလာခြင်း၊ ရွှေ့ပြောင်းလုပ်သား များလာခြင်းက မိမိတို့ လုပ်ငန်းလုပ်ဆောင်ရာတွင် အနည်းငယ် အနှောင့်အတားဖြစ်စေကြောင်း၊ ယင်းတို့ကိုလည်း ကိုင်တွယ်ဆောင်ရွက်နေသည်ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။
 
မြန်မာနိုင်ငံ၏ HIVဖြစ်ပွားမှုသည် အရှေ့တောင်အာရှတွင် နံပါတ် ၄ အဆင့်ရှိနေပြီး မကြာခင်အချိန်အတွင်း တွင် ပြန်လည်ကျဆင်းသွား မည်ဟုယုံကြည်ကြောင်း၊ အဘယ့်ကြောင့်ဆိုသော် ၂ဝဝဝပြည့်နှစ်က HIVဖြစ်ပွားမှုသည် တစ်နှင်လျှင် ၁၉၀၀၀ ရှိရာမှ ၂၀၁၈ ခုနှစ်တွင် ၁၀၀၀၀ ကျော်သာရှိတော့ကြောင်းလည်း ဒေါက်တာမြင့်ထွေးက ပြောကြားခဲ့သည်။
 
The Ladies News


 

 

Vote: 
No votes yet

Add new comment